Cigarette🤍

52 5 0
                                    

Cigarette

"သတိထားဦး ကလေး။မင်းလေးရဲ့လက်သည်းလေးတွေကျိုးကုန်မယ်လေကလေးရယ်။ကိုယ်နာကျင်မှာထက်ကိုယ့်ကလေးလေးရဲ့လက်ကလေးတွေနာကျင်သွားမှာ အရမ်းစိတ်ပူတတ်တာသိသားနဲ့"

ငိုယိုပြီးသူမရဲ့ရင်ဘတ်ကိုကုတ်ဆွဲ‌နေတဲ့လက်ကလေးနှစ်ဖက်ကိုဖမ်းချုပ်ဆုပ်ကိုင်တားဆီးရင်း အဲ့ဒီကောင်မလေးက သူမရဲ့ရင်ခွင်ထဲမှာကျွန်မကိုတင်းကျပ်နေအောင်ပွေ့ဖက်ထားလိုက်တယ်။

သူမရဲ့နှုတ်ခမ်းဖျားက'မငိုပါနဲ့ကလေးလေး' လို့လည်းထပ်ခါထပ်ခါရေရွတ်နေ‌ခဲ့သေးတယ်လေ။အဲ့လိုပြောနေမှ ကျွန်မရဲ့မျက်ရည်တွေကအတားအဆီးမရှိပိုပိုကျဆင်းလာခဲ့တယ်။

ကျွန်မရဲ့အခြေအနေကိုကြည့်ရင်း သူမအရမ်းစိတ်ပူလာတယ်ထင်ပါရဲ့။သူမရဲ့မျက်နှာလေးမှာစိုးရိမ်ပူပန်ခြင်းတွေထင်ထင်ရှားရှားမြင်တွေ့လာရတယ်။သူမရဲ့မျက်နှာလေးမကောင်းတော့ ကျွန်မစိတ်မကောင်းဖြစ်မိတယ်။

သူမကကျွန်မကိုသိပ်ချစ်တာ ကျွန်မသိနေတာပဲ။ကျွန်မကိုဘယ်လောက်အထိစိတ်ပူနေမလဲ ကျွန်မတွေးမိပါတယ်။ဒါပေမယ့် စိတ်ပူရမယ့်အခြေအနေကိုအရင်ဆုံးဖန်တီးတာသူမလေ။

"ကျွန်မဘယ်လောက်စိတ်ပူခဲ့ရသလဲသိရဲ့လား။ကျွန်မသိပ်ချစ်ရတဲ့သူ နေမကောင်းဖြစ်နေတာကိုထိုင်ကြည့်ရင်း ဘယ်လောက်တောင်ကြောက်လန့်စိုးရိမ်နေခဲ့ရသလဲ သိရဲ့လားဟင်"

ကျွန်မကသူမနဲ့ပတ်သက်ရင် အရမ်းစိတ်ပူပြီးကြောက်ရွံ့တတ်တာသိရဲ့သားနဲ့နေမကောင်းဖြစ်အောင်လုပ်တယ်။

"ရှင့်ကိုလေ ကျွန်မသိပ်ချစ်တာ။ရှင်တစ်ခုခုဖြစ်သွားရင်ကျွန်မလည်းရှင်သန်နိုင်မှာမဟုတ်ဘူး။ရှင်မရှိရင်ကျွန်မလည်းရှိနိုင်တော့မှာမဟုတ်ဘူးလေ။အဲ့ဒါကိုရှင်သိရဲ့သားနဲ့ဂရုမစိုက်ဘူး။နေမကောင်းဖြစ်အောင်လုပ်တယ်။ကျွန်မရူးတော့မယ်သိလား"

ကျွန်မရဲ့နှုတ်ဖျားကစကားတွေဆက်တိုက်ပြောရင်းသူမရဲ့ရင်ဘတ်ကိုထုရိုက်ကုတ်ဆွဲနေတာကိုမတားဆီးရက်နိုင်တဲ့ပုံစံနဲ့ကြည့်နေတဲ့ ကျွန်မရဲ့ပိုင်ရှင်လေးက ငိုချင်လာဟန်တူပါရဲ့။သူမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတစ်ချို့ခိုတွယ်လာကြတာကိုမြင်လိုက်ရတယ်။

To My GirlfriendWhere stories live. Discover now