Part 1

14.8K 278 10
                                    

အပိုင်း 1

ညဥ့်ဦးယံအချိန်...
အမျိုးသားအဆောင်ရှေ့ဝယ် ထိုင်ရာခင်းကာ တကျွတ်ကျွတ်ဆူနေသော အမျိုးသားလေးဦး....

"ဟေ့ကောင် လင်းယုန် စ,တော့"

လင်းကွင်းသမားဖြစ်သူ ခန့်ထည်ဝါ၏အပြောကြောင့် ဇာနည်လင်းယုန် သူ့ကိုယ်သူဟန်ပြင်ရင်းလည်ချောင်းရှင်းလိုက်သည်..အတန်နေတော့ အောင်မြင်လှသော အသံနှင့်စတင်သီကျူးလေတော့သည်.

"လာလာလေ..လိုက်ခဲ့ပါတော့ မောင်တို့ဋ္ဌာနေ ချစ်သောအညာမြေ...."

"ဟေ့ကောင် လင်းယုန် မင့်(မင်း)ကလုပ်ပြန်ပြီကွာ..အလယ်ကဖြတ်ဖြတ်မဆိုပါနဲ့ဆို..ငါကဘယ်လိုတီးရမှာလဲ..မင့်ကြောင့် ငါကမတီးတတ်ရာသီကျတယ်"

မယ်ဒလင်သမား သာစည်အောင်က အတီးကိုလဲ ရပ်လိုက်ပြီး အော်ငေါက်​တော့ ဇာနည်လင်းယုန်ကစပ်ဖြဲဖြဲ..

"မရဘူးဟေ ငါကငါ့အချစ်ကို ရွာကငါ့အိမ်ပဲခေါ်ချင်နေတော့ ဒီနားပဲ ဖြတ်ဖြတ်ဆိုနေမိတာဟေ"

လင်းယုန်(ဇာနည်လင်းယုန်) စကားကြောင့် ကျန်သုံးယောက်က ပိုတတ်လွန်းရန်ကော ဟူသောအကြည့်ဖြင့်ကြည့်ကာ မဲ့ရွဲ့ကြသည်..လေးယောက်လုံးက မွေးရပ်မြေတူပြီး ငယ်ပေါင်းတွေဖြစ်သည်မို့ ပွင့်ပွင့်လင်းလင်းသာ..ယောမြေမှ လာကာ တက္ကသိုလ်တက်ရောက်လာကြခြင်းဖြစ်သည်..

"လင်းယုန်ရာ မင့်ပိုးပန်းနည်းကမဟုတ်သေးပါဘူး..တို့တစ်တွေ ဒီမယ်လာလာအချိန်ဖြုန်းနေတာ ဘယ်နှညရှိနေပြီလဲ..ဟိုကထွက်တောင်ကြည့်ရဲ့လား"

"ဟာ..ဟိုကလဲ ယောက်ျားလေးကွာ..ဘယ်လိုထွက်ကြည့်မလဲ..ခိုးကြည့်မှာပေါ့..ဟုတ်တယ်နော် လင်းယုန်"

လင်းယုန် အပြည့်အဝထောက်ခံကြောင်း လက်မတွေထောင် ခေါင်းတွေပါ ငြိမ့်ပြတော့ တည်ငြိမ်သူ ဗညားပြေက ခပ်မဲ့မဲ့...
သူပြောတာလဲ ဟုတ်တော့ဟုတ်ပါတယ်လေ..သီချင်းလေးလာလာကျူးနေတာ ဒီညဆို ​ခြောက်ရက်မြောက်ည...လာဆိုတဲ့ညကနေ ဒီနေ့ထိ မျက်နှာလေးတောင်ထွက်ပြတာမဟုတ်ဘူး..ဟူးးဆေးကျောင်းသားကိုချစ်မိတာလဲ လွယ်ကူမနေပါဘူး...

"လင်းယုန် စိတ်ဓာတ်မကျနဲ့..ချ..တစ်နေ့နေ့ချစ်လာလိမ့်မယ်"

"အေ့ မင့်ပြောမှ သတိရတယ် ငါတို့ တစ်နေ့နေ့တော့ချစ်လာလိမ့်မည်လေးဆိုကြမလား"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now