Part 24

1.8K 81 4
                                    

Uni....

"ဖိုးစည် နိုင်မယ်မလား"

စောင်တစ်ထည်နဲ့အဝတ်နှစ်ထည်ကိုထမ်းထားသော ဖိုးစည်ကခေါင်းငြိမ့်ပြသည်..

"ထွေးလင်းယုန်ကို ပေးလိုက်နော်.."

"ဟုတ်ကဲ့"

ဖိုးစည် ကခေါင်းငြိမ့်လေပြီးတော့ ဆင်းသွားလေတော့သည်..အမေကြည်ကတော့ သူလုပ်နေတာကိုသာဆက်လုပ်ဆဲ..

"အမေ မိုးချုပ်တော့မယ်..ကျွန်တော် ခြံတံခါးသွားပိတ်ထားလိုက်တော့မယ်နော်"

"အမ်..အေးအေး.."

အမေကြည်ကယောင်နနပြောတာကြောင့် ဝေဟင်လဲ ထကာခြံတံခါးပိတ်ရန်အောက်ဆင်းလာခဲ့သည်..

"ကောင်လေး ဝေဟင်..ခဏနေပါအုန်း"

ခြံတံခါးပိတ်ပြီးကာမှ အမေကြည်ကအော်လာသည်မို့ ခဏရပ်နေရသေးသည်...

"ကောင်လေး ရောက်လက်စနဲ့ အမေ့ကို ဆားထုပ်လေးဝယ်ပေးခဲ့အုန်း..အမေပိုက်ဆံချလိုက်မယ်"

နှစ်ရာတန်ပိုက်ဆံကို ဝရံတာမှချပေးလာသည်မို့ ဝေဟင် ဖမ်းယူလိုက်သည်..

"အမေ..ဆိုင်ကရော.."

"ဒီမြောက်နားလေးတင်..ဆိုင်နှစ်ဆိုင်ရှိတယ်...စားချင်တာရှိလဲ ဝယ်ခဲ့"

"ဟုတ်ကဲ့"

အမေကြည်ပြောသည့်အတိုင်းပင် ဆိုင်နှစ်ဆိုင်က မျက်နှာချင်းဆိုင်ရှိလေသည်..ရွာဆိုင်ဆိုသည့်တိုင် စျေးကများများစားစားတော့မရှိပေ...

"အစ်မ..ဆားရှိလား"

"ရှိတယ်မောင်လေး..တစ်ထုပ်ငါးဆယ်"

ဆိုင်ရှင်အစ်မက ယောသံပီပီဖြင့်ပြောသည်ကြောင့် ဝေဟင် မနည်းနားထောင်ယူရလေသည်..ယောသံက တော်တော် နားလည်ရခက်လှပေသည်...

"တစ်ထုပ်ပေးပါ"

ထိုအစ်မကြီးက ဆားတစ်ထုပ်ကို ကမ်းပေးရင်းက ဝေဟင့်ကိုစိုက်ကြည့်နေသည်..

"လင်းယုန်တို့အိမ်က ကောင်လေးမလား"

"အာ..ဟုတ်ကဲ့"

"နုဖတ်နေရောပဲ..ချစ်စရာလေး"

ဝေဟင် ရှက်ဝဲဝဲနဲ့ပဲပြုံးပြလိုက်သည်..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now