Part 23

1.7K 74 5
                                    

Uni...

"ဖိုးစည်.."

"ဗျ"

ဝေဟင်အခေါ်ကို ယဥ်ယဥ်ကျေးကျေးပြန်ထူးသည့်ဖိုးစည်..
မနက်စောစောကတည်းက စာသင်ရန်ဟုဆိုကာ အိမ်ရောက်ချလာသော တူတော်မောင်ပင်..

ဇာနည်လင်းယုန်ကတော့ ထမလာသေးပေ..မနေ့ ကောက်စိုက်အသိမ်းမို့ တော်တော်လေးလော(မော)ခဲ့ပုံရပါသည်...

အမေကြည်ကလဲ ဝေဟင့်အနားနေကာ.ဖိုးစည်ကိုစာသင်ပေးမည်အား စူးစမ်းနေ၏

"ဖိုးစည်က ဘာမှမသင်ရသေးဘူးလား"

"အမ်...သားသား အများကြီးသင်ထားပြီးပြီ"

ဖိုးစည်က စဥ်းစားဟန်လေးပြုပြီးမှ ပြောလာသည်..ဝေဟင်လဲ ဘာတွေများတတ်ထားပြီးပြီလဲ သိချင်လာ၏...

"အများကြီးတတ်တာလား..ဘာတွေတတ်ထားတာလဲ"

"ဝလုံး..ဝလုံးတွေအများကြီး ရေးတတ်တယ်"

"အော်ဟဲ့..တော်တော်တတ်ရှာတာပ့"

ဖိုးစည်၏စကားကို ဘေးမှအမေကြည်ကရွဲ့ပြောလိုက်တော့ ဝေဟင်ရယ်မိသွားသည်.

"ဟုတ်ပါပြီ..သားသားက ဝလုံးရေးတတ်ပြီးပြီပေါ့..ဝလုံးဘယ်လိုရေးရမလဲသိလား"

"သိတာပ့"

"ပြောပါအုန်း..ဘယ်လိုရေးရမှာလဲ"

"အောက်ကနေ ညာကိုဆွဲ အဲ့တာဝလုံးပဲ"

ခပ်သွက်သွက်လေးဖြေလာသည့် ဖိုးစည်ကြောင့် ဝေဟင်အပြုံးတို့အတောမသတ်နိုင်တော့ပေ..

"ဖိုးစည်ကသိတာပဲ..ဘယ်သူသင်ပေးထားတာလဲ..ဖေဖေလား မေမေလား"

"ထွေးလင်းယုန်သင်ပေးတာ..ဖေဖေကထန်းတက်နေရလို့မအားဘူး..မေမေက ထန်းရည်ဆိုင်စောင့်ရတယ်..သားသားကို မသင်ပေးနိုင်ဘူး"

"အော်..ဘာပဲဖြစ်ဖြစ်ပါ အခုက ဦးဦး..အဲ..ထွေးထွေးသင်ပေးမှာနော်..သားသားကသေချာလိုက်သင်မယ်မလား"

"သင်မှာပေါ့..သင်တဲ့လူကသင်ပေးရင် သေချာလုပ်ရမပေါ့"

စကားတတ်သော ဖိုးစည်ပင်..

"ဟုတ်ပါပြီကွာ..ဒါဆို.အခုအရင်ဆုံး ဝလုံးပဲရေးကြရအောင် ဝလုံးတွေသေချာဝိုင်းမှ စာစသင်မယ် ဟုတ်ပြီလား"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now