Part 35

1.7K 63 3
                                    

Uni....
.
.
.
အချိန်တစ်ခုကြာခဲ့ပြီးနောက် ကောက်ရိတ်သိမ်းချိန်ကိုရောက်လို့လာခဲ့လေပြီ...
ဇာနည်လင်းယုန်တို့တွေ စပါး အသွင်းနှင့်အပို့ရှုပ်နေအောင်လုပ်ရတော့၏..
ထို့ပြင် ကိုယ်တိုင်လုပ်သော လယ်နှစ်ကွက်မှာလဲ မှည့်နေပြီဖြစ်၍ ရိတ်ရတော့မည်ဖြစ်သည်

"ဇာနည်လင်းယုန် ငါရောလိုက်မှာနော်"

သက်ညှာလေးက တစာစာပြောလာသည့်အခါ ဇာနည်လင်းယုန်ခေါင်းသာငြိမ့်ရပါသည်..

"လိုက်ခဲ့ရမှာ ဝေဟင်..အ​မေက မြို့ကို မြေပဲတွေအပို့သွားရမှာ..အိမ်မှာဝေဟင်ချည်းနေလိမ့်မယ်.."

"တကယ်လား"

ဝမ်းသာသွားပုံပေါ်သည့် မောင့်သက်ညာက တောလိုက်ရမယ်ထင်မထားပုံပင်..

"အင်း..ခမောက်နှင့်အင်္ကျီရှည်ဝတ်ခဲ့နော်.."

လင်းယုန်စကားကြောင့် ဝေဟင်ကအပြေးလေးဖြင့် ခမောက်နှင့်အင်္ကျီလက်ရှည်ကိုပြေးယူသည်..ဇာနည်လင်းယုန်ကတော့ တောမှအငှားသမားတွေအတွက်ရေဘူး စားစရာတို့ကိုယူ​လေသည်..

"အမေ..အခုသွားတော့မှာလား"

"အေး..စောစောပြန်လို့ ချက်နော် မောင်လေး..."

"သိပါတယ်"

အမေက ညနေမှပြန်မည်မို့ နေ့လည်စာကို တောမှစောစောပြန်ကာချက်ရလိမ့်မည်..

"သွားရအောင်ဝေဟင်..အခင်းယူခဲ့ပါအုန်း"

"ဘာလုပ်ဖို့လဲ"

"ဝေဟင်ထိုင်ဖို့လေ"

ဝေဟင်သက်ပြင်းချလိုက်သည်..တောလိုက်တာ ထိုင်နေဖို့လိုက်တယ်ထင်နေပုံပဲ..
ခေါင်းသာငြိမ့်ပြလိုက်ပြီး ယူမလာခဲ့ပေ..လင်းယုန်ကလဲ သူ့လက်ထဲကအထုပ်အထည်တွေဆီသာအာရုံရနေသည်မို့ သတိမထားမိပေ..

တောရောက်တော့ လင်းယုန်၏လယ်ကွက်တွင် အငှားသားလေးယောက်လောက်ရှိသည်..အစ်မဗေဒါတို့လင်မယားနှင့်မိန်းမနှစ်ယော​က်ပါသေး၏..

"လင်းယုန်..လင်ရောခေါ်လာတာပါကား"

စ,ရိတ်နေပြီဖြစ်သည့် အမျိုးသမီးကပြောတော့ လင်းယုန်က ခေါင်းငြိမ့်၏..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now