Part 39

1.7K 70 11
                                    

Uni.....

"မောင့်ဝေဟင် တန်ဆောင်တိုင်ညရောက်တော့မယ်"

ဝမ်းသာအားရပြောလာသူကြောင့် ဝေဟင်တွေးဆဆဖြစ်သွားရသည်..တန်ဆောင်တိုင်ညရောက်တာ ဒီလောက်ပျော်စရာကောင်းသလား..

"အဲ့ဒီတော့..."

"သူခိုးကြီးညလေ..ဟီးဟီး ပျော်စရာကြီး"

သူ့ပုံစံကြောင့် ဝေဟင်ပင်ရယ်မိသွားသည်..ဘာတွေဒီလောက်ပျော်နေတာလဲ..

"သူများပစ္စည်းခိုးရမှာ ဒီလောက်ပျော်သလား"

"မဟုတ်တာ..ရွာမှာ သူခိုးကြီးညဆို ပစ္စည်းခိုးရုံတင်မကဘူး..ဂယက်တွေအများကြီးရယ်..."

"ဘာဂယက်တွေလဲ"

"မနက်ဖန်ညသိလိမ့်မယ်"

ဝေဟင်တစ်ယောက် မျက်မှောင်ကြုံ့သွား၏..ပြောစရာရှိတာပြောလိုက်တာမဟုတ်ဘူး

"အမေရော"

"နှင်းဆီပင်ရေလောင်းနေတယ်"

"မင်းကလဲ..ဘာလို့အမေ့ကိုလောင်းခိုင်းတာလဲ"

ဝေဟင် ဘုတောတောလိုက်သည်... ကိုယ်ကစိုက်ထားပြီး အမေ့ကိုအလုပ်ပိုစေပြီ

"မလောင်းခိုင်းပါဘူး..သူ့သူလောင်းတာ"

"အော်..မလောင်းခိုင်းပေမယ့် မင်းမလောင်းရင် အမေလောင်းတော့မှာပေါ့"

"အမယ်လေး..စကားမများကြပါနဲ့ ဘယ်သူလောင်းလောင်းပေါ့..ဘာမှမဖြစ်ဘူး..နှင်းဆီပင်ကဖြစ်ခဲပါဘိနဲ့"

အခြောက်တောဖြစ်၍ နှင်းဆီပင်တို့ကဖြစ်ရန်ခက်ခဲလှသည်..

"သေချာဂရုစိုက်ကြ"

"ဟုတ်ကဲ့"

နှစ်ယောက်သားပြိုင်တူပြောလိုက်သည်..သို့သော်လဲ မေ့ဦးမှာပင်...
.
.
လပြည့်နေ့ ညနေရောက်တော့ ရွာထဲဆိုင်းသံဗုံသံတွေဖြင့်ကျွတ်ကျွတ်ဆူနေတော့သည်

"မောင်လေး အမေနဲ့မဏ္ဍပ်လိုက်ခဲ့မလား..အမေ မုန့်ချိုသွန်းနှင့်မုန့်ဆီကြော်တွေပို့ချေမလို့"

ဝေဟင်ခေါင်းသာခါပြလိုက်သည်..

"လိုက်ခဲ့...ဟိုမှာ မင့်ယောက်ျားရောရှိတယ်"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now