Part 19

2.1K 86 1
                                    

Uni...

"တောက်ခ်..ဘာမှလာမပြောနဲ့..အဲ့ဒီခွေးလိုကောင်ကို ငါထပ်မမြင်ချင်ဘူး"

ဦးမောင်စန်းက စိတ်တိုစွာအော်လိုက်တော့ မိန်းမဖြစ်သူက အနည်းငယ်တော့ရှိန်သွားသည်..သို့သော်ငြား အရဲစွန့်ကာ တီးတိုးဆိုရပြန်သည်..

"ယောက်ျားရယ်..သားလေးကသူ့အမှားသူသိနေ​လောက်ပါပြီ..ယောက်ျားနှစ်ယောက်ယူလို့ ဘာမှပြောင်းလဲသွားတာလဲမဟုတ်ဘဲနဲ့....သွားပြန်ခေါ်ကြရအောင်ပါ"

သားဖြစ်သူ ခိုးရာလိုက်သွားပြီဟု သိသောနေ့မှစ၍ အမေဖြစ်သူကသာ စုံစမ်းကာပူပန်နေရှာသော်ငြား ဦး​မောင်စန်းကတော့ အမွေပြတ်ဟုသာပြောပြီး သားဖြစ်သူကိုလှည့်မ​ကြည့်တော့ပေ...အတော်ကြာ.စုံစမ်းပြီးမှ ဘယ်မှာရှိနေမှန်းသိရပြီမို့ သားကိုပြန်လိုက်ခေါ်ချင်ပါသည်..သို့သော် ဦးမောင်စန်းက လက်မခံချင်...

"ဘာမှလာမပြောနဲ့..အဲဒီအခြောက်ကောင် ငါ့ကိုအရှက်ခွဲပြီးမှ ဘယ်လိုမှပြန်မခေါ်ထားနိုင်ဘူး..သေသေရှင်ရှင် ပစ်ထားလိုက်စမ်းပါ"

"စိတ်ကစားတဲ့အရွယ်ပဲ..ဘာဘာညာညာလျှောက်တွေးတာပေါ့.ဘယ်လောက်များ ​ပေါင်းနိုင်ကြမှာလဲ..ယောက်ျားရယ် သားလေးကိုပြန်ခေါ်ပြီး ပညာတတ်ကြီးဖြစ်အောင် ပြန်ပျိုးထောင်ပေးရမယ်လေ"

"သူ့ဟာသူ သူနဲ့တန်တဲ့လမ်းကို..သူနဲ့ထိုက်တဲ့လမ်းကိုရွေးသွားတာ..ငါကဘာမှငဲ့ကြည့်မနေတော့ဘူး..သူနဲ့တန်တဲ့နေရာမှာဘဲနေပါစေတော့!

"ရှင့်ဘာရှင်မာနတွေထားနေတော့..ကျွန်မကတော့ ကျွန်မသားကို မရရအောင် သွားပြန်ခေါ်ရမှာပဲ!

ကြည့်လာသော အကြည့်စူးစူးကိုဂရုမစိုက်ဘဲပြောလိုက်သည်..သူမ၏ ရွေလိုအဖိုးတန်သားလေးကို.အဆုံးရှုံးမခံနိုင်ပေ..သူမဖြစ်စေချင်တဲ့ ဆရာဝန်ကြီးဖြစ်အောင်လုပ်ခိုင်းရမည်..သို့မှသာ သူမလည်း အသိုင်းဝိုင်းကြား ပွဲလယ်တင့်နိုင်မည်...
.
.
.
.
"ဝေဟင်..လှည်းစီးလို့ဖြစ်ပါ့မလား"

ဝေဟင်တစ်ယောက် ဖြေစရာမရှိပေ..လှည်းကမစီးဖူးသည်မို့ အနည်းငယ်တော့လန့်မိသည်...
လင်းယုန်က မြောက်ဘက်ကုန်းပေါ်နွားကျောင်းသွားမည်ဖြစ်သဖြင့် ဝေဟင်လိုက်သွားရန်ဖြစ်သည်..အိမ်မှာ နေခဲ့ရင် ဝေဟင်ယောင်ချာချာနဲ့အပျင်းတစ်နေမှာသေချာသည်..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now