Part 21

1.8K 87 3
                                    

Uni...

"လင်းယုန်ရေ..သွားကြမယ်"

အရီးလေး ခင်ရီရယ်..ခင်စိန်ရယ်..မဗေဒါရောက ရောက်လာကြပြီဖြစ်သည်..

"အေ့..ဝေဟင်ရေ..သွားကြမယ်..အရီးတို့ရောက်ပြီ"

လယ်စိုက်သွားဖို့ရာ အရုဏ်တက်ချိန်ကတည်းက ထပြင်ဆင်နေခဲ့ကြပြီး ဝေဟင်ကလဲ ကောက်စိုက်သွားရန် တက်တက်ကြွကြွရှိလှသည်..

"အရီးခင်ရီ..ကောက်စိုက်သမတွေရော အငှားရခဲ့လား"

"အေး..နှစ်တိုင်းလူတွေပဲဟေ့..လုံမပျိုတစ်သိုက်က သွားနှင့်ကြပြီ"

လင်းယုန်တို့မှာ လယ်တော်တော်များသဖြင့် မျိုးရင်းတွေချည်းစိုက်၍ မပြီးနိုင်သည်ကြောင့် ကောက်စိုက်အငှားခေါ်ကြသည်..

"ဟုတ်ပြီ..မောင့်ဝေဟင်..လက်ရှည်နှင့်ခမောက်ယူချေပါအုန်း"

ဝေဟင် လှေကားမှဆင်းလာတော့ လင်းယုန်ကပြောခြင်းဖြစ်သည်..

"မင်းသွားယူပေး"

ဒီတစ်ခါတော့ဝေဟင်လဲ မရတော့ပါ..နှစ်ခါအရူးလုပ်မခံနိုင်ပေ..

"ဟားးးဟုတ်ပါပြီဗျာ..မောင့်ဝေဟင်နှယ် ကလေးကျလို့"

ပြုံးရယ်ကာပြောပြီးနောက် ဇာနည်လင်းယုန်က အိမ်ပေါ်ပြန်တက်ကာ ခမောက်နှင့် ဖျင်အင်္ကျီလက်ရှည်ကိုသွားယူလေသည်..

ခြံဝန်းထဲရှိ အရီးနှစ်ယောက်ရယ်..မဗေဒါရယ်ကတော့ ပြုံးကာကြည့်လို့..

"မောင်လေးလင်းယုန်က အားကြီးအကဲပိုနေပေါ့"

အရီးခင်စိန်က ခပ်ကျယ်ကျယ်ပြောတော့ ရယ်နေကြသေးသည်..

"ရော့..မောင့်ဝေဟင်..ကြိုးသိုင်းပါတပ်ထားနော်.."

ဝေဟင် သူလှမ်းပေးသော ခမောက်ကိုယူကာဆောင်းလိုက်ပြီး သူပြောသလိုကြိုးသိုင်းပါတပ်လိုက်သည်..

"အမေ့ ကျုပ်တို့သွားပြီ..နေမမြင့်ခင် စားစရာအပို့လာအုန်း"

"အေးအေး..ပြီးတော့မှာ.ခဏနေဆိုလာခဲ့မယ်"

ရွာမှာ အငှားခေါ်ပြီးရင် စားစရာပါလုပ်ကျွေးရသည်ဟု ဇာနည်လင်းယုန်ကပြောထားသည်..
အမေကြည်က ကောက်စိုက်သမများ၏ အစားအသောက်အတွက် တာဝန်ယူရသော စားဖိုမှူးဖြစ်သည်..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now