Part 27

1.7K 68 8
                                    

Uni...

"လင်းယုန်..ထန်းရည်သောက်နေပြန်ပြီလား"

ထန်းရည်သောက်နေသော ဇာနည်လင်းယုန်သည် ကြိုးကြာ၏အပြောကို တုန့်ပြန်ခြင်းမရှိခဲ့ပေ..ကြိုးကြာသည် လင်းယုန်ရှိနေသည့် ထန်းတောဆီသို့ပင်လာပြီး ပြောနေကျစကားများကိုပြောပြန်သည်

"နင်ခံစားမနေနဲ့တော့.ငါရှိတယ်လေ..နင်ပဲပြောခဲ့တာမလား... လင်းယုန်နှင့်ကြိုးကြာကသာအလိုက်ဖက်ဆုံးလို့"

"ကြိုးကြာ..ငါတောင်းပန်တယ်..ငါနားတွေလဲညီးလှပြီ....ခေါင်းလဲနောက်​နေပြီ..ဝေးဝေးသွား..ငါနဲ့ဝေးဝေးမှာနေ"

"လင်းယုန်ရယ်..ဘယ်အချိန်ထိ အဲ့လိုဖြစ်နေမှာလဲ..ဟိုမျိုးမစစ်က ပြန်သွားတာဖြင့်ကြာနေပြီပ့ကို"

"ကြိုးကြာ!

"ဘာလဲ..နင်ပဲသူ့ကိုမုန်းသပါ့ဆို"

"ငါသူ့ကိုမုန်းတာကတစ်ကြောင်း..ဒါမချည်း နင်ကသူ့ကိုစော်ကားပြောစရာမလိုဘူး..သူ့အကြောင်းမကောင်းထပ်ပြောကြည့် မိန်းကလေးဆိုပြီး ထပ်မညှာတော့ဘူး"

လင်းယုန်.ထန်းရည်ခွက်ကိုလွှတ်ပစ်ပြီး လေသံမာမာဖြင့်ပြောလိုက်တော့ ကြိုးကြာကိုနှုတ်သီးတဆူဆူနဲ့လူနားကပ်နေပြန်သည်..

"သွားတော့..ငါဘယ်သူ့ကိုမှမမြင်ချင်ဘူး"

လင်းယုန်နှင်ထုတ်နေပေမယ့် ကြိုးကြာကပေကပ်ကပ်ဖြင့်သာလူအနားတွင်တတို့တို့တထိထိလာလာပ်နေလေသည်..

"ငှက်ကြီး..တစ်ယောက်ထဲလာဆော်နေပြန်ပြီလား..ကြာရင် ဒီနားလဲ ချိုင့်ခွက်ဖြစ်တော့မယ်..မင်းလာလာထိုင်လွန်းလို့"

အတိသယဝုတ္တိလင်္ကါကိုသုံးရင်း အနားသို့လျှောက်လာကြသော ခန့်ထည်တို့အတွဲ...
လင်းယုန် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်..လူအနားလာပြီး ဘယ်လိုတွေကြည်နူးပြကြအုန်းမယ်မသိ.

"ခဏနေ တောသွားတော့မှာ မသွားခင်လေးလာစမ်းတာပါကွ..ဒါမှအရည်ရှိန်ရော အလုပ်ရှိန်ရောနဲ့အတွေးငြိမ်မှာ"

"အလုပ်ကိုလဲတော်ရုံပဲလုပ်အုန်း..အလုပ်လဲကျွံ အရည်လဲဝင်ဆိုရင် စောစောလျှောနေမယ်"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )On viuen les histories. Descobreix ara