Part 30

2.2K 80 15
                                    

Uni....
.
.
.
"အမေ...ဘုန်းကြီးကျောင်းကိုဆွမ်းသွားပို့ရမှာလား"

ဆွမ်းပို့ရန်သေချာပြင်နေသည့် အမေကြည်ကိုမေးလိုက်သည်..

"ဒါပါ့"

"မိုးတောင်မလင်းသေးဘူးအမေ"

အပြင်ဘက်တွင် လရောင်ကထိန်ထိန်သာနေတုန်းဖြစ်ပြီး မိုးလင်းအုန်းမည့်အရိပ်ယောင်မရှိသေးပေ..

"ခုချိန်ဆွမ်းပို့ရမယ်လေ..ဘုန်းကြီးက စောစောဆွမ်းဘုဥ်းတာပေါ့"

"အော်..အမေသွားပို့မှာလား"

"မောင်လေးသွားပို့ရမှာ..မင့်ရောလိုက်သွားလေ"

ဝေဟင်ခေါင်းငြိမ့်ပြလိုက်သည်..ဝေဟင်လဲဆွမ်းပို့တာကိုလုပ်ချင်နေတာဖြစ်သည်..ခဏနေတော့ အလုပ်တွေပြီးသွားသည့် ဇာနည်လင်းယုန်ကအိမ်ပေါ်ပြန်တက်လာသည်..

"မောင်လေး..သွားပို့တော့ သူများတွေသွားနေကြပြီ"

"အင်း..ဝေဟင်..လိုက်မယ်မလား"

ဝေဟင်ခေါင်းငြိမ့်ပြကာ ဆွမ်းလင်ဗန်းကိုကိုင်လိုက်သည်...သို့သော်ဇာနည်လင်းယုန်ကသာလာယူလေသည်..

"လင်းယုန်..မောင်လေး..ကောင်လေးကိုသေချာခေါ်သွားနော်..မမြင်မစမ်းနဲ့ မြွေတွေကင်းတွေထိအုန်းမယ်"

"ဟုတ်ပါပြီ.သွားရအောင်ဝေဟင်"

ဝေဟင်နှင့်ဇာနည်လင်းယုန်တို့ ခြံထဲကထွက်တော့ အပြင်တွေ သွားလာလှုပ်ရှားနေကြသည့်လူအများအပြားကိုတွေ့ရလေသည်..

"ဇာနည်လင်းယုန်သူတို့ဘာလုပ်ကြတာလဲ"

"ဆွမ်းပို့ကြတာလေ"

"ငါသိတာ..ဘုန်းကြီးကျောင်းကအရှေ့မှာပါ..သူတို့ကတောင်သွားမြောက်သွားနဲ့"

လူတွေက အရှေ့ကိုမဟုတ်ဘဲ.သုတ်သုတ်သုတ်သုတ်နဲ့တောင်အရပ်မြောက်အရပ်စုံအောင်သွားနေကြခြင်းဖြစ်သည်..

"အော်..ဒါကဒီလိုရှိတယ်..မောင်တို့စောစောထရတာ အလကားမဟုတ်ဘူး..ဘုန်းကြီးကျောင်းကိုဆွမ်းပို့ရမယ်..ပြီးရင် ရွာထဲကသက်ကြီးရွယ်အိုအိမ်တွေမှန်သမျှရယ်..အမျိုးထဲကအိမ်တွေမှန်သမျှ ထမင်းဟင်းတွေရယ်..မုန့်ချိုသွန်းတွေလိုက်ပို့ရတယ်.."

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now