Part 3

2.6K 133 2
                                    

​(3)

"သူပန်ထားတဲ့ ပန်းနီနီ
နေရာခဏလဲချင်သည်
ကြင်နာသူလေးလှဖို့အစွမ်းကုန်ကြိုးစားမည်..
ရင်မှာ ဒီလောက်ချစ်ပါသည်
သူပျော်တာအမြဲတွေ့ချင်သည်..
သူ့အရိပ်အဖြစ် အမြဲရှိနေတတ်ပြီ...."

ကနေ့ည..ဓာတုဆရာ ပါကြီး ကြာဦးမရှိမှန်းသေချာသည်မို့ လေးယောက်သား မာန်ဖီကာ အမျိုးသားဆောင်ဖက်ဝယ် ​တပ်စွဲရတော့သည်..ဒီနေ့ညတော့ အိမ်မခေါ်ဘဲ ချစ်ကြောင်းလေးတွေဖွင့်ပြောချင်နေ၍ လိုက်ဖက်မည့်သီချင်းကို ဆိုရလေသည်..

သူဆင်မြန်းတဲ့ ဖိနပ်နီနီ
နေရာခဏလဲချင်သည်~~
ကြင်နာသူလေးခလုတ်မထိဖို့ ကိုယ်ကြိုးစားမည်
ရင်မှာဒီလောက်ချစ်ပါသည်~~
ဘာမဆို ကိုယ်အဆုံးရှုံးခံမည်
အလှမ်းဝေးတဲ့ ပန်းကလေး
မြနှင်းဆီ~~

ဆိုနေရင်း ချစ်သူလေးရှိရာ အခန်းဆီမျှော်ကြည့်တော့ မီးရောင်ထိန်ထိန်က ဝင်းနေဆဲမို့ ပီတိဖြစ်ရသည်..ချစ်ရသူက မအိပ်သေးဘူးမို့ နားထောင်နေမှန်းသေချာသည်..ဒီလောက်နဲ့တင် တင်းတိမ်ပါရဲ့...

ဟိုကောင်တွေကြည့်တော့လဲ ဖီးလ် အပြည့်နဲ့မို့ လင်းယုန်အားတက်သွားကာ ချစ်သူရှိရာဆီ မျှော်တွေးရင်း ခံစားချက်နဲ့သက်ဆိုင်သော သီချင်းကို သာယာနာပျော်ဖွယ်ဆိုညီးလေသည်..

ကျောင်းသွားကျောင်းပြန်
အချိန်မှန် အမြဲစောင့်လို့ကြည့်သည်
သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်
သူ့အပြုံးလေးများမြင်ရင်
အပျော်လွန်ပြီး အိပ်မရတော့ပြီ~~
သိပ်ချစ်တဲ့အကြောင်းကို
ကဗျာတွေရေးမည်~~
ရင်မှာ ဒီလောက်ချစ်ပါသည်
ဒါကိုသူလဲသိနေပြီ
တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည်~~
သူပန်ထားတဲ့ ပန်းနီနီ
ကျွန်တော်ခဏဖြစ်ချင်သည်
တစ်နေ့နေ့တော့ချစ်၍လာ...လိမ့်..မည်~~

သီချင်းအစမှ အဆုံးထိ ဖီးလ်ဝင်နေခဲ့သော လေးယောက်သားမှာ အဆုံးထိ ရင်တသသနဲ့..အရင်နေ့ညက ဝိုင်းလှောင်ကြသော ကော်ရစ်တာမှ လူများကလဲ ဒီနေ့ကျ တိတ်ဆိတ်လို့...
မောင့်ဝေဟင်သာကြားရင်လဲ မောင့်အချစ်တွေကိုခံစားမိမယ်ထင်ပါ့...

"ဟေ့ကောင် ငှက်ကြီးရေ...ဒီညတော့မိုက်ပြီ"

ခန့်ထည်ရဲ့ ချီးကျူးစကားကြောင့် ဝမ်းသာသွားသော်ငြား ငှက်ကြီးဟူသော အသုံးကိုသိပ်ဘဝင်မကျလှ...ငှက်ကြီးဟူသော နာမည်သည်..လင်းယုန်၏နာမည်ပြောင်ပင်...လင်းယုန်ဆိုတာ ငှက်ကြီးမို့ အခုလိုနာမည်ပြောင်ပေးထားသည်တဲ့...

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now