Part 26

1.6K 83 7
                                    

Uni....

"ဝေဟင်ရေ..မောင့်ဝေဟင်"

ဇာနည်လင်းယုန် တစ်ယောက် အိမ်ပြန်လာရင် ခြံဝကတင် ချစ်သက်ညှာကိုအော်ခေါ်ရတာ အကျင့်ပါနေလေပြီ..တောကပြန်ရောက်ရောက်ချင်း အမောပြေဆေးလေးကိုမြင်ချင်၍ပေ..

"မောင့်ဝေဟင်..."

အိမ်ပေါ်ရောက်သည်ထိပင် ပြန်ထူးသံမကြားသည်ကြောင့် ဇာနည်လင်းယုန်ခမျာ သည်းမခံနိုင်တော့ဘဲ အိမ်ပေါ်ပြေးတက်ခဲ့တော့သည်..သို့သော် ဝရံတာတွင်မျက်စိမျက်နှာပျက်ဖြင့်ထိုင်နေသည့် မာတာမိခင်ဒေါ်ခင်ကြည်ကိုသာမြင်ရလေသည်..

"အမေ..ကျုပ်ဝေဟင်ရော.."

အမေက တဟိုဟိုတအင်အင်နဲ့ အင်တင်တင်လုပ်နေသည်မို့ လင်းယုန်စိတ်မရှည်တော့ဘဲ အိမ်ထဲကိုယ်တိုင်ဝင်လာကာသာကြည့်လိုက်သည်..

"ဝေဟင်..မရှိပါဘူးကား..အမေ ဝေဟင်ဘယ်သွားတာလဲ"

သူ့ယောက်ျားကိုသာ တစာစာမေးနေသည့် သားဖြစ်သူကြောင့် ဒေါ်ခင်ကြည်စိတ်မကောင်းဖြစ်လာရသည်..မပြောချင်သော်ငြား မပြောမဖြစ်မို့ အသံတိမ်တိမ်ဖြင့်ပြောလိုက်ရသည်..

"သူ့အိမ်ကလာပြန်ခေါ်သွားပြီ"

ထိုစကားကြောင့်သားဖြစ်သူ၏ပြောင်းလဲသွားသည့် မျက်နှာထားကြောင့် ဒေါ်ခင်ကြည်စိတ်မကောင်းဖြစ်ရပါသည်..

"အမေ..မစနဲ့..ဝေဟင်ဘယ်သွားတာလဲ"

"မင်းမလာခင်ကတင်ဘဲ..သူ့အမေက ကားနဲ့လာခေါ်တာ"

"အမေ..မညာနဲ့နော်"

ဒေါ်ခင်ကြည်အမှန်ပြောနေတာပင်...သားဖြစ်သူနဲ့ရှေ့ဆင့်နောက်ဆင့်ပင် ထွက်သွားကြတာဖြစ်သည်..ကိုယ့်သားလိုဖြစ်နေပြီမို့ ပြန်မလွှတ်ချင်သော်လည်း သူ့သဘောကိုလက်ခံရလေသည်...

"အဟုတ်ပြောတာ..မင့်ယောက်ျားကို သူ့အမေလာခေါ်သွားပြီ..မင့်ယောက်ျားလဲပြန်လိုက်သွားပြီ"

"အမေ..ဝေဟင်..ကျုပ်ဝေဟင်ကဘာမှပြောမသွားဘူးလား..ဒီတိုင်းလိုက်သွားတာလား"

"ကောင်လေးကဘာမှမပြောဘူး..သူ့အမေကိုမြင်တာနဲ့တည်တည်ငြိမ်ငြိမ်ပဲပြန်လိုက်သွားတာ"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Kde žijí příběhy. Začni objevovat