Part 11

2.2K 99 1
                                    

Uni...

"အရီး... ဗညားရော"

ခန့်ထည် ဗညားတို့ခြံဝန်းထဲ မရောက်သေးခင် မြင်နေရသော ဗညား၏အမေဖြစ်သူ အရီးငွေရီအားလှမ်းမေးလိုက်သည်..အရီးငွေခင်က ခေါင်းအုံးစွပ်ကိုကိုင်ပြီး ဇရံတာမှာ ထိုင်ချုပ်နေ၏

"အထဲမှာအေ့..ဆန်ပြာနေလေရဲ့.."

"ဟမ်..ဘာလို့တုန်း"

"ဆန်တွေ ပေပါနဲ့ထားတာမဟန်ပါဘူးအေ..ဆန်ပိုးတွေပေါတာအပြင် ဆန်တွေညစ်တယ်အေ့..ဒါကြောင့် ပြန်ပြာနေရတာ...တစ်နေပြပြီးရင် အိတ်နဲ့မှထားရလိမ့်မယ်"

(တစ်နေပြ=တစ်နေ့လှန်း)

"ပေပါနဲ့ဆိုတော့ သံချေးနဲ့ဆန်တွေလဲ ဝါနေပါ့မယ်ဗျ"

အရီးငွေကို ထောက်ခံပြောလိုက်တော့ အရီးငွေက ခေါင်းတငြိမ့်ငြိမ့်...

"ဟုတ်တယ်အေ့..ဝါလဲဝါတယ်"

"ကျုပ် ဗညားဆီသွားအုန်းမယ်.."

အရီးငွေက ခေါင်းငြိမ့်ပြသည့်ကြောင့် ခန့်ထည်အိမ်ပေါ်တက်ခဲ့ရသည်.ဗညားတို့အိမ်ကလဲ ငယ်ကတည်းက ဝင်လိုက်ထွက်လိုက်မို့ အထူးတလည်အားနာနေစရာမရှိပေ...ရွာပြန်ရောက်ပြီးကတည်းက ဗညားဆီ မလာရသေးသည်မို့ လွမ်းမိနေသလိုရှိတာကြောင့် ချက်ချင်းကောက်ကာငင်ကာထလာခဲ့ခြင်းဖြစ်သည်..
အိမ်ပေါ်ရောက်လို့ မျက်စိတစ်ဆုံးဝေ့ဝဲကြည့်တော့ မြောက် ကြမ်းပြင်တွင် စကောတစ်ချပ်ကိုင်ကာ ဆန်ပြာနေသည့် ဗညားကိုတွေ့ရသည်..
ခန့်ထည် အမြန်ဆန်ပဲ အနားသွားလိုက်သည်..

"လေးလုံး...ဘယ့်နှယ်လဲ..ညောင်းနေပြီလား!

"ဟာ..ခန့်ထည်..ရောက်လာတာအတော်ပဲဟေ့"

"မကူဘူးနော်!

ဗညား မည်သို့ဆိုမည်ကို နားလည်သော ခန့်ထည် ကြိုတင်ကာငြင်းဆန်ထားလိုက်သည်..ထိုအခါ ဗညားကမျက်မှောင်ကြုတ်လျက်ကြည့်လာသည်.ဗညားက မျက်မှန်ကိုချွတ်ထားသည်မို့ ရှင်းလင်းနေသည့် မျက်နှာက ကြည့်ရအတော်ကောင်းနေ၏..

"ပြန်စမ်း..မလာခဲ့နဲ့"

"ဗညားပြေ!ကိုယ့်ငယ်ပေါင်းမချည်း အခုလိုပြောရသလား..ဟိုက သတိတရလာတာကို"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now