Part 14

2K 94 0
                                    

Uni...
.
.
.
"ခန့်ထည်!

"ဘာတုန်း"

ခန့်ထည် နှီးဖြာနေစဥ် အိမ်ဝန်းရှေ့မှအော်သံကြောင့် လုပ်နေသည်ကိုရပ်ကာစူးစမ်းရသေးသည်..

"နှီးဖြာနေတာလား"

"မြင်ရဲ့သားနဲ့"

ဗညားပြေက ဆူပုပ်ပုပ်လေးဖြစ်သွားကာ ဘေးတွင်ဝင်ထိုင်လေသည်..

"ဘာလို့မြေကြီးပေါ်ထိုင်ချတာလဲ..ဟိုးနားမှာ ပိုက်ဖျာရှိတယ်..ယူထိုင်"

မြေပြင်ပေါ် ပစ်စလတ်ခတ်လာထိုင်သည့် ဗညားအား လေသံမာမာပြောတော့ သက်ပြင်းချသာကျယ်ကျယ်ကိုကြားရလေသည်..ထို့နောက် အိမ်ထောင့်ရှိ ဖျာကိုသွားယူကာဘေးနာခင်းကာလာထိုင်လေသည်..

"ပျိုးပင်စည်းဖို့လား"

"အင်း"

ပျိုးနှုတ်ခါကျရင် နှီးအတော်လိုမည်ဖြစ်သဖြင့် ခန့်ထည် တစ်နေကုန် ထမအားလောက်အောင် ဝါးနှီးဖြာနေရသည်..

"မင့်အဘရော"

"အဘက စက်ထွန်တာ အကြည့်သွားတယ်"

(စက်နဲ့လယ်ထွန်တာလေ..မြင်ဖူးကြလား)

"အော်"

နားလည်သွားဟန်ဖြင့် အော် ဟုဆိုလိုက်သော ဗညားကို ခန့်ထည် မျက်နှာချင်းဆိုင်ကြည့်လိုက်သည်

"မင့်က မလာစဖူး.အလာထူးနေပ့လား"

"အေ့ ဟုတ်သား..လာရင်းကိစ္စတောင် မေ့နေတော့တာ..အဘကခေါ်ခိုင်းလို့ကွ.."

"ဘပြေဟန်ကလား..ဘာလို့တုန်း"

"မျက်မှန်အသစ်မှန်းသိသွားပြီကွ..ငါလဲ သိမှာစိုးလို့ အိမ်နေရင် မျက်မှန်တောင်မတပ်ဘူးဘဲ..ဒါမချည်း သိသွားတယ်.အ့တာ နင်ဝယ်ပေးထားတာလို့ပြောတော့ ငွေပြန်ပေးမလို့တဲ့...သေချာပေါက် ငွေပြန်ပြေးရုံတော့မဟုတ်လောက်ဘူး..မင့်ကိုစစ်ဆေးမယ့်သဘောရှိတယ်"

"သည်တော့"

"ချော်လဲလို့မျက်မှန်ကျိုးတာလို့ ဖြေလိုက််တယ်...ယောက်ျားသွားပိုးရင်း ဆရာ့လက်စာမိမှန်းသိရင် ငါရိုက်ခံရမှာကွ..မင့်ရောအ့လိုဖြေလို့!

"အေးပါကွာ"

ခန့်ထည် ပြောလိုက်မှ ဗညားကတပြုံးပြုံးဖြင့်လူကိုလာကြည့်နေလေသည်..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now