Part 6

2.2K 115 4
                                    

Uni....

"ဝေဟင်မင်းဆက် မင်းမယ် အရှက်ရောရှိသေးလား!

ဖခင်ဖြစ်သူ ဦးမောင်စန်း၏စကား...

"အဖေ ကျွန်တော်ဘာရှက်စရာမှလုပ်မထားလို့မရှက်ပါဘူး"

ဝေဟင့်စကားကြောင့် အဖေဖြစ်သူက ပို၍ဒေါသထွက်လာလေသည်..
ယောက်ျားတစ်ယောက်က ကိုယ့်ကိုလာပိုးပန်းခြင်းသည် ရှက်စရာပါသလား..
ယောက်ျားတစ်ယောက်နှင့်အတူ လမ်းတွဲလျှောက်မိသည်က ရှက်စရာပါသလား

"ဝေဟင်မင်းဆက် ဖအေကိုအဲ့လိုပြောရလား.."

မိခင်ဖြစ်သူကဝင်၍ ဟောက်သောအခါ ဝေဟင်နှုတ်ဆိတ်ခြင်းဖြင့်သာတုန့်ပြန်လိုက်သည်...

"မင်းမပြောနဲ့နော်..မင်းကယောက်ျားတွေကို​ကြိုက်တယ်လို့...ဟမ်.မင်းကအခြောက်လား"

"အမေ..ဘယ်လိုစကားမျိုးပြောတာလဲ!

"မင်းသာခြောက်နေခဲ့ရင်..ငါတို့မျိုးဆက်ထဲလုံးဝနေခွင့်ရမယ်မထင်နဲ့!

"ကျွန်တော် ဘယ်ယောက်ျားကိုမှမကြိုက်ဘူး..ကြိုက်ခဲ့ရင်လဲ အခြောက်လို့ပြောလို့မရဘူး"

"တစ်ခွန်းမကျန်ပြန်ပြောနေတာ..မင်းဟိုတောသားဆီကသင်လာတာလား!

အဖေ့စကားကြောင့် ဝေဟင့်ဒေါသတို့ပိုဆူလာရသည်..မျိုးရိုးကြီး ဂုဏ်မြင့်ဆိုပြီး အထက်စီးဆန်တဲ့ သူ့မိဘတွေ...သားတစ်ယောက်ကို အလေးမထားဘဲ ဖြစ်စေချင်တာပဲ လုပ်ခိုင်းတတ်တဲ့မိဘတွေ...
ကြာလေ စိတ်ကုန်လေပဲ...

"အဖေ ကျွန်တော်သူ့ကိုချစ်နေခဲ့ရင်တောင် အဖေတို့မှာ တားပိုင်ခွင့်မရှိဘူး..ဘာလို့ဆို ဒါကျွန်တော့်လုပ်ပိုင်ခွင့်မလို့..ကျွန်တော်က သားသမီးတစ်ယောက်ဖြစ်နေပေမယ့် သက်ရှိလူသားလဲဖြစ်နေသေးတယ်..ထပ်ပြီးကျွန်တော့်ဘဝကိုမချုပ်ချယ်ပါနဲ့"

"အော်ဟော်..မင်းကိုက လှုပ်ချင်နေတာကို..ငါ့သားလေးတော်လှတော်လှနဲ့ အခြောက်မြင်းစီးထွက်ချင်နေတာလား!

"အမေ...တစ်ခါလောက်တော့သားအတွက်တွေးပေးပါလား..!

"ကြီးကြီးကျယ်ကျယ်တွေမပြောနဲ့..မင်းအဆောင်မှာမနေရတော့ဘူး..ခဏနေအထုပ်တွေသွားယူခိုင်းလိုက်မယ်..နောက်အပါတ် စာမေးပွဲမှ ကျောင်းဆီသွားရမယ်.ငါအားလုံးစီစဥ်ထားမယ်..မင်းကိုထပ်လွှတ်ပေးလို့မဖြစ်ဘူး..."

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now