Part 18

1.9K 88 2
                                    

Uni...

"မောင်လေးဝေဟင်..နည်းနည်းပြည့်လာပါ့လား"

အစ်မဗေဒါက ရယ်ပြုံးရင်းဆိုသည်မို့ ဇာနည်လင်းယုန် ဝေဟင့်အား ကြည့်မိသည်..တကယ်လဲဟုတ်ပါသည်..ဝေဟင်ကရောက်ခါစကထက် နည်းနည်းလေးပိုပြည့်လာသည်...

ဝေဟင်ကလဲ သူ့ကိုယ်သူပြန်ကြည့်ပြီးနောက် ပြုံးစစဖြစ်သွားလေသည်...

"ဟုတ်တယ်..ဒီမှာက အိပ်လိုက်စားလိုက် အလုပ်ပဲရှိတော့ အဆီတွေတက်နေပြီ"

"မောင့်ဝေဟင်က ပြည့်ပြည့်လေးနဲ့ပိုချစ်စရာကောင်းတာ..ပိန်တော့လဲ"

မဗေဒါအားပြောသည်ကို ကြားမှဝင်ပြောတော့ ဝေဟင်က ခပ်စူးစူးကြည့်လာပြန်သည်မို့ ပါးစပ်းလေးပြန်ပိတ်ရသည်..

"တမောင်မောင်နဲ့!

တစ်ကိုယ်တည်းကြားရုံတီးတိုးရွတ်ဆိုလိုက်သော်ငြား နားပါးသောလင်းယုန်က ကြားလိုက်ရသည်မို့ ခပ်ပြုံးပြုံး..
အမှတ်မရှိဘူးပြောလဲ ပြောပါစေတော့..ဝေဟင့်ရှေ့ရောက်ရင် မောင်ဆိုတဲ့ အသုံးက အော်တိုထွက်လာပြီးသား...

"အစ်မ..ကောက်စိုက်တော့မှာလေ..အ့တာပြောရအောင်လာခဲ့တာ"

"အော်..ဘယ်နေ့စိုက်မှာလဲ"

ဗေဒါက ရေနွေးကြမ်းလေးများငှဲ့ပေးရင်းပြန်မေးလာလေသည်..

"နောက်အပါတ် စိုက်မှာ..အစ်မလာမယ်မလား"

"လာရမှာပေါ့..လာခဲ့မယ်..လာခဲ့မယ်"

နှစ်တိုင်းကောက်စိုက်တိုင်း မဗေဒါပါသည်..ထိုတင်မက လင်းယုန်၏တစ်မျိုးလုံးက ကောက်စိုက်ပေါင်ကြသည်..သူတို့အိမ်အလုပ်ရှိပေမယ့် လင်းယုန်တို့မိသားစုကိုတော်တော်ငဲ့ရှာကြပါသည်...
မဗေဒါတို့ စီးပွားရေးလုပ်နေသည့် ထန်းတောကလဲ လင်းယုန်အပိုင်မို့ လင်းယုန်ကိုတော်တော်လေး ကျေးဇူးဆပ်ချင်ကြသူများဖြစ်သည်..

"အစ်မဗေဒါ ထန်းရည်ဆိုင်ကမဖွင့်သေးဘူးလား"

"အင်း..စောသေးတယ်လေ..မင်းအစ်ကိုတောင် ထန်းရည်ချလို့မပြီးသေးဘူး"

အစ်မပြောမှ လင်းယုန်ထန်းတောထဲကြည့်မိသည်..အပင်နှစ်ဆယ်လောက်ကို အစ်ကိုတစ်ယောက်ထဲ တက်လိုက်ဆင်းလိုက်နဲ့ ဆိုင်တစ်ခုလုံးစာအတွက် ထန်းတက်ရသည်ထင်၏..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now