Part 38

1.5K 65 0
                                    

Uni...

"မောင်လေးတို့လာကြအုန်း"

လယ်ထွန်သွားမည့် ဇာနည်လင်းယုန်ကို ကပ်နေသည့် ဝေဟင်မင်းဆက်က ဒေါ်ခင်ကြည်အော်သံကြားတော့ အပြေးလေးလာသည်..

"ထိုင်ကြ"

အမေကအိပ်ခန်းထဲမှခေါ်ခြင်းဖြစ်သည်..ဇာနည်လင်းယုန်နဲ့နှစ်ယောက်သား အတူဝင်တော့ အေမက ပိုက်ဆံတွေအထပ်လိုက်ပြန့်ကျဲနေသည့်ကြားထိုင်နေသည်

"အမေ..ဘယ့်နှယ်ရှိနေတာတုန်း..ပွလို့"

"ထိုင်စမ်းပါ"

မတ်တပ်ကြီးငေးနေကြသော နှစ်ယောက်သားကိုအမေကလက်ဆွဲလျက်ထိုင်စေသည်

"ဒါကဒီနှစ်စပါးကရတဲ့ငွေတွေ"

ဝေဟင်မင်းဆက်တစ်ယောက် အံ့သြလွန်း၍ပါးစပ်ပင်ပိတ်မရပေ...တစ်နှစ်နဲ့တင်ဒီလောက်ရတယ်လား..

"ဒါမင့်တို့ကိုပေးမလို့"

"ဘာလို့လဲ"

"ဟဲ့..ဘာလို့ရမတုန်း..သုံးဖို့စွဲဖို့လေ..အော်ငါ့နှယ်"

"မလိုပါဘူးအမေရယ်.ကျွန်တော်တို့ကဘာသုံးစရာရှိတာမှတ်လို့"

ဝေဟင်မင်းဆက်ပြောလိုက်တော့ ဇာနည်လင်းယုန်ကလဲထောက်ခံသယောင်ခေါင်းငြိမ့်သည်

"သုံးသုံးမသုံးသုံး ယူထား နောက်ကျဘာမှလုပ်စရာမရှိဘဲမနေဘူး..မင့်တို့လဲ ကိုယ့်အသုံးနဲ့ကိုယ်ဆိုတော့ကောင်းတာပေါ့"

"မဟုတ်တာအမေရယ်..ကျွန်တော်တို့ကမလိုပါဘူး"

"ရှည်တတ်လွန်းရန်ကော ဝေဟင်မင်းဆက်ရယ်..ဘာတွေအားနာနေတာလဲ..ယူထား"

ဇာနည်လင်းယုန်ကိုကြည့်တော့ သူကလဲ ယူရန်မျက်စပစ်ပြသဖြင့်ဝေဟင် လက်တွန့်ကာယူလိုက်ရသည်

"ကျေးဇူးပါအမေ.."

"မဟုတ်တာ...ဒါအကုန်လုံး မင့်တို့လင်မယား အဲ လင်ယောက်ျားတွေအတွက်ပဲ"

အမေ့စကားကြောင့် ဝေဟင်ရော ဇာနည်လင်းယုန်ပါ ရယ်မိသွားကြ၏..အင်း..လင်ယောက်ျားတွေပေါ့...
.
.
.
.
.
"ဦးလေးကလဲဗျာ..အရင်နှစ်က နှစ်တင်းပါပေးရမှာလေ"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now