Part 17

1.9K 79 0
                                    

Uni...

"မင့်..လွှတ်စမ်း..ဗလကြီးအားကိုးနဲ့!

"လွှတ်ရင်မင်းက ကိုယ့်ကိုလုပ်မှာပေါ့!

နေပြည့်က ပြီတီတီပြန်ပြောလာသည်မို့ သာစည်ပို၍ဒေါသထွက်လာရတော့သည်..
သူများ အင်္ကျီကိုယူဝတ်ပြီး အခုမှလုပ်ခံရမှာကြောက်နေရသလား..အင်္ကျီတွေရှိရက်နဲ့ကိုယ့်အင်္ကျီကို မဆန့်မပြဲ ယူယူဝတ်တာ တစ်ခါနှစ်ခါမကတော့...

"မင့်ကဘာလို့ ကျုပ်အင်္ကျီဝတ်လဲ..အဲ့တာ အကြိုက်ဆုံးအင်္ကျီကွ!

"သိတယ်လေ..ငယ်ချစ်ဦးပေးထားတာမလား"

တစ်ကိုယ်လုံးကိုချုပ်နှောင်ထားသည့်အပြင် ဖက်တွယ်ထားသောကြောင့် သာစည်ခမျာ ဘာမှမတတ်နိုင်ပေ...

"သောက်ခွေး!သိရက်နဲ့ဘာလို့လုပ်လဲ..ကျုပ်တောင်သေချာမဆန့်တော့တဲ့ အင်္ကျီကိုဘာလို့ အတင်းဝတ်နေလဲ!

ဆဲဆိုလိုက်ရင်း အတင်းရုန်းကန်လိုက်တော့ သူ့ထိန်းချုပ်မှုအောက်မှ လွတ်သွားလေသည်..သို့သော်သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြန်လေသည်..
သာစည် ချုပ်ခံထားရသော လက်နှစ်ဖက်ကို အတင်းဆွဲသော်ငြား ကိုယ့်ထက်ပိုသန်သော သူထံမှမလွတ်မြောက်နိုင်ခဲ့ပေ..

"မွ!

ရုတ်တရက်အနမ်းခံလိုက်ရသည်ကြောင့် သာစည်ခေတ္တရပ်တန့်သွားသည်..နောက်မှ ဆဲရေးရင်းအတင်းရုန်းမိသည်..သို့သော် အချည်းနှီးသာ..

"ခွေးသား!ဘာလုပ်တာလဲ..လွှတ်စမ်း!လွှတ်..အေ့ မင့်နောက်မှ ကျုပ်အဆိုးမဆိုနဲ့!

"မွ!

"အားးးးးသောက်ခွေး..လွှတ်စမ်း!

ကဆုန်ပေါက်ခုန်လိုက် ကန်လိုက်ကျောက်လိုက်လုပ်နေသော်ငြား သူ့လက်ထဲမှမလွတ်နိုင်သည့်အပြင်ပို၍သာ အနမ်းခံနေရလေသည်..တစ်ခါနမ်းတိုင်း သာစည်​အောင်၏ ဒေါသတို့သည် ပို၍တောက်လောင်လာတော့၏..

"မွ..!နူးညံ့လိုက်တာ!

"ဒီခွေးသား!မင့်..သေမယ်!

"မွ!

နောက်ထပ်နမ်းခံရပြန်သည်ကြောင့် သာစည်ငိုမဲ့မဲ့ပင်ဖြစ်လာရလေသည်..
အဲ့ခွေးကဘာလဲ..ယောက်ျားချင်းကြီး..လာနမ်းနေတာ..တမင်သိက္ခာချနေသလိုပဲ..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Donde viven las historias. Descúbrelo ahora