Part 32

1.8K 76 0
                                    

Uni....

"မောင်ကြည့်ကောင်းရဲ့လား ဝေဟင်"

လည်ကတုံးဝတ်ထားသော ဇာနည်လင်းယုန်က မေးငေါ့ပြရင်းမေးသည်မို့ ဝေဟင်ပြုံးမိလိုက်သည်...ခပ်တိုတိုဆံပင်ကိုပိပြားနေအောင်ဖီးထားကာ လည်ကတုံးအဖြူနှင့်ယောလုံချည်အပြာကိုဝတ်ထားသော ဇာနည်လင်းယုန်သည် အပြုံးလဲချိုလှသည်မို့ အတော်ကြည့်ကောင်းလှသည်...
ခြောက်ပေကျော်သော အရပ်နဲ့တောင့်တင်းလှသော ခန္တာကိုယ်ရှိပြီး ညိုသောအသားရေရှိသူကြောင့် မြန်မာအမျိုးသားပီသလှ၏...

ဝေဟင်ကတော့ အရပ်ကဇာနည်လင်းယုန် နားရွက်နီးပါးရောက်သော်ငြား ကိုယ်လုံးကပိန်ပါးပါးဖြစ်ပြီး အသားအရည်ကဖြူဝင်းသည်မို့ ကိုယ်ထည်အရဆို ယောက်ျားသားပီသလှတယ်ရယ်မဟုတ်...

လည်ကတုံးအဖြူနှင့်ပုဆိုးအဖြူရောင်ကို ချစ်ရသူနဲ့ဆင်တူဝတ်ထားသော ဝေဟင်မင်းဆက်သည် ယောက်ျားဖြစ်လျက်ပင် လှသည်ဟူသော နာမည်ခံရလေသည်...

"ဝေဟင်..မောင်မတပ်တတ်ဘူး"

လည်ပင်းကကြယ်စေ့နှင့်လက်ကောက်ဝတ်ကိုပြကာပြောလာသူကြောင့်ဝေဟင်သက်ပြင်းချလိုက်သည်...
ဘာရယ်မသိ ဇာနည်လင်းယုန်က ခုတလောချွဲရတာ တော်တော်သဘောတွေ့နေပုံပင်..ဘာမဆို လူနားကပ်ပြီးချွဲလိုက်ရမှ...

ဒီနေ့ကနှစ်ယောက်သားရဲ့မင်္ဂလာဆွမ်းကျွေးနေ့ဖြစ်သည်..ဘုန်းကြီးကျောင်းတွင် လှူဖွယ်ဝတ္ထုကပ် ဆွမ်းကျွေးမည်ဖြစ်သည်..ထို့ပြင် ကျွန်းပလ္လင်တစ်ခုကိုပါ လှူဒါန်းမည်မို့ ရေစက်ချအမျှဝေရမည်ဖြစ်သည်..ပြီးလျင် အိမ်တွင် လူကြီးသူမများကို ကန်တော့ဝတ်ဖြင့်ကန်တော့တာ မင်္ဂလာယူရမည်ဖြစ်သည်...

"ဝေဟင်..မောင်တို့လင်ယောက်ျားတွေဖြစ်တော့မှာပေါ့နော်"

"ဟမ်...လင်ယောက်ျား"

လက်ကောက်ဝတ်မှ ကြယ်သီးကိုတပ်ပေးရင်း တွေးဆဆလေးပြောလိုက်​တော့ ဇာနည်လင်းယုန်ကရယ်သွမ်းသွေးရင်းထပ်ပြောလာသည်..

"ဟုတ်ပါ့..မောင်ကလင်..ဝေဟင်ကယောက်ျား..ဒါလင်ယောက်ျားပေါ့"

ပေါက်ကရစကားဆို ထွက်တတ်လွန်းသည့် ချစ်သူလင်ကို ဝေဟင်ရယ်သာရယ်လိုက်သည်..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Wo Geschichten leben. Entdecke jetzt