Hides🤍

40 2 0
                                    

Hides

Honey.....!!

ကျွန်မကိုပွေ့ဖက်ပေးထားတဲ့သူမရဲ့ရင်ခွင်ကိုမှီတွယ်ရင်း ကျွန်မခေါ်နေကျသူမရဲ့နာမ်စားလေးကိုခပ်တိုးတိုးခေါ်မိတယ်။

အဲ့ဒီနာမ်စားလေးကိုကျွန်မကိုယ်တိုင်မြတ်မြတ်နိုးနိုးသတ်မှတ်ခေါ်‌ဆိုခဲ့တာ။သူမကကျွန်မအတွက်ချိုမြိန်လွန်းတဲ့ပျားရည်လေးမဟုတ်လား။သူမကိုအရာရာထက်ပိုချစ်တယ်။

သူမရင်ခွင်ကိုမှီနေရာက ကျွန်မမျက်ရည်ကျလာတာကိုမြင်တော့ ကျွန်မကိုမေးတယ်လေ။

"ဘာဖြစ်လို့လဲ ကလေး"

"ရှင်သိလား။ကျွန်မတို့ရဲ့အရင်ကအချိန်တွေကိုပြန်စဉ်းစားမိတိုင်းနာကျင်ရတယ်ဆိုတာကိုလေ"

"ပြီးခဲ့တာတွေကိုဘာလို့စဉ်းစားနေတာ‌လဲ ကလေး။အခုအချိန်မှာမင်းလေးကကိုယ့်မိန်းမဖြစ်နေခဲ့ပြီမဟုတ်လား။ဘာတွေလိုအပ်သေးလို့လဲဟင်"

"ကျွန်မအတွက်ရှင်နဲ့ပတ်သက်ရင်ဘယ်အရာမှမလုံလောက်ဘူး Honey။ရှင်နဲ့ပတ်သက်သမျှအရာရာကို ကျွန်မလောဘကြီးတယ်။ပိုပိုပြီးလိုအပ်လာတတ်တယ်။ပိုပိုပြီးခံစားရတယ်"

"ကလေးရယ်.....ဘာဖြစ်လို့နာကျင်စရာတွေကိုတွေးနေတာလဲကွာ။မင်း‌လေးကကိုယ့်ရင်ခွင်ထဲမှာရှိနေတာ‌လေ။ပျော်ရွှင်နေသင့်တယ်မလား"

"ပျော်တာပေါ့။ရှင့်ရဲ့ရင်ခွင်က ကျွန်မရဲ့ရှင်သန်ခြင်းအတွက်အလိုအပ်ဆုံးအရာပဲလေHoney"

"ဒါဆို ပျော်ပျော်နေလေ ကလေးမရယ်"

"ဒါပေမယ့်ဒီနေ့ ကျွန်မအရမ်းနာကျင်ရမယ့်ဖြစ်စဉ်တစ်ခုကိုတွေ့ခဲ့တယ် Honey။ငိုချင်မိတယ်....မဟုတ်သေးဘူး....နှလုံးခုန်ရပ်သွားချင်မိတယ်။အသက်မရှင်တော့ရင် မနာကျင်ရတော့ဘူးမလား Honey"

"ဟေး.....ဟေး.....ကလေးမ.....တိတ်လိုက်တော့.....အဲ့စကားမျိုးပြောတာကိုယ်မကြိုက်ဘူးဆိုတာသိတယ်မလား"

"သိတာပေါ့ Honey။ရှင့်ရဲ့အမိန့်တွေအားလုံးကို ကျွန်မသေချာသိတာပေါ့။တမင်ပြောနေတာ။ရှင်ကကျွန်မရဲ့ဝင်သက်ထွက်သက်တွေရပ်တန့်သွားမှာကို အကြောက်အကန်ခံစားငြင်းဆန်တတ်တယ်မဟုတ်လား။စိတ်အရမ်းဆိုးတတ်တာလည်းသိတယ်။ရှင်စိတ်ဆိုးသွားရင် ကျွန်မတစ်ယောက်ထဲကျွန်မကိုယ်ကျွန်မထိခိုက်အောင်လုပ်လို့ရမယ်ထင်လို့လေ"

To My GirlfriendWhere stories live. Discover now