Part2 Unicode

250 12 0
                                    

ကျွန်တော့်နာမည်က ငြိမ်းသူရ အသက်က၂၂နှစ်ရှိပြီ ကျွန်တော်မှာညီမတစ်ယောက်ရှိတယ် သူကငြိမ်းသုမေတဲ့ သူက ကျွန်တော့်နဲ့ရွယ်တူပင် ဒါတောင်ကျွန်တော်ကယောကျ်ားလေးမို့လို့ ဘုန်းကံနည်းနည်းမြင့်သည်
သူကတော့ စီးပွားရေးမေဂျာယူတယ် ကျွန်တော်ကအနုပညာ အနုပညာကိုချစ်တယ် မြတ်နိုးတယ် လေးစားတယ် ဒါကြောင့်အနုပညာကိုယူဖြစ်တယ် ဒါကလည်းကျွန်တော့်တွက်ကောင်းတယ် တခါတလေ လူတွေတောင်စိတ်ပင်ပန်းတာတို့ စိတ်ညစ်တဲ့အချိန်တွေမှာ သီချင်းလေးဆိုရင်းနေရတာ အမောပြေစေတဲ့အပြင် စိတ်မွန်းကြပ်တာကိုလည်းဖျောက်ဖျက်နိုင်သည် ဒါကအနုပညာအစွမ်းလေ..ဟက်.

တီ.....တီ...

အား..နာရီကတမျိုး..

ငြိမ်းသူရမနိုးချင်တဲ့ပုံဖြင့်ထလိုက်ရင်း နာရီကြည့်လိုက်တာ မပွင့်ချင်တဲ့မျက်လုံးတွေပါ ပွင့်ထွက်သွားသည် သူအကျယ်ကြီးအော်မိလိုက်သည်

အား....၇နာရီလား..မြန်မြန်လုပ်ရမယ် ''

ငြိမ်းသူရထလိုက်ပြီး အိပ်ရာတောင်မသိမ်းနိုင်ဘဲ bathroom ခန်းထဲပြေးဝင်သွားသည် သူရေအမြန်ချိုး school uniform လဲ ပြီးဆင်းလာလိုက်သည်
သူအောက်ထပ်လည်းရောက်ရော သူ့အမေက မနက်စာပြင်နေသည်
သူလည်းအသားညှပ်ပေါင်မုန့်ယူလိုက်ရင်းပြောသည်

အမေညီမလေးကော..

နင့်ညီမကအစောကြီးထွက်သွားတာ သူ့သူငယ်ချင်းလာခေါ်သွားတယ်

''ဟင်ဒါဆိုကျွန်တော်နောက်ကျနေတာပေါ့ ဟုတ်လားအမေ''

အေး.. အော်ဒီကလေး..

ငြိမ်းသူရသူနောက်ကျနေပြီလည်းသိရော ပါးစပ်ထဲမုန့်ကောက်ထည့်ပြီး ဖိနပ်အမြန်စီးရင်းထွက်လာလိုက်သည်
သူခြံပြင်ထွက်လာရင်း လမ်းမပေါ်ဆက်လျှောက်လာသည် သူအမြန်ရောက်ရမှာမို့လို့ လိုက်ရှာတာ taxi ဆိုင်ကယ်တောင်မတွေ့ပါ

တကယ်ပါဘဲသေလိုက်ငြိမ်းသူရရေ..

သူ့ကိုယ်သူရွေရွတ်ရင်းအမြန်သုတ်လာသည်
သူပြေးလိုက်တာ ခဏကြာတော့ကားဂိတ်ရောက်သွားသည်
သူလည်းကားပေါ်ပြေးတက်ရင်းကျောင်းထဲဝင်လာခဲ့သည်
သူအတန်းထဲအမြန်ရောက်ရမှာမို့လို့ပြေးလာလိုက်တာ ကားတစ်စီးကသူ့ကိုဝင်တိုက်လိုက်သည်

That's My Boy (Completed )Where stories live. Discover now