Part29 Unicode

73 6 0
                                    

ရန်ပိုင်သော်နဲ့ကျွန်တော်ရည်းစားသာဖြစ်တာ တခါမှမတွေ့ရဘူး။ တွေ့ချင်မြင်ချင်ပေမဲ့လည်းဖုန်းလေးနဲ့ဘဲဆက်ပြီးလွမ်းရခဲ့ရတဲ့ရက်တွေအများကြီးလိုပင်။သူမသွားခင်၂ရက်အလို ကျွန်တော်သူနဲ့အပြင်မှာတွေ့ဖို့ချိန်းလိုက်သည်။ ကျွန်တော်တို့သွားနေကျနေရာမှာထိုင်စောင့်ရင်းလမ်းမပေါ်မှာလျှောက်လာမဲ့လူကိုမျှော်နေမိသည်။

မင်းဘုန်းခန့်ဆက်စောင့်နေရင်း လျှောက်လာတဲ့ရန်ပိုင်သော့်ကြောင့်ရင်ခုန်သံတွေထိန်းချုပ်မရဖြစ်သွားသည်။ တနေ့တနေ့ပိုပိုလှလာတဲ့ချစ်ရသူကို နိုင်ငံခြားသွားဖို့စိတ်မချနိုင်တော့ပါ။ သူဝတ်ထားတာလေးက T-shirtအဝါ​ရောင်လက်ရှည်ကိုမှ အပါးသားဝတ်ထားပြီး ဂျင်းဘောင်းဘီ အမဲလေးကိုဝတ်ဆင်ထားတာ အရမ်းချစ်ဖို့ကောင်းသည်။
ရန်ပိုင်သော်ဒီနေ့တွေ့ရတော့မှာကြောင့်စိတ်လူပ်ရှားမိသည်။ ကျောင်းကိစ္စနဲ့နိုင်ငံခြားသွားဖို့စီစဥ်ရတော့ပိုအလုပ်ရှုပ်သည်။
ဒီနေ့အားလပ်ရက်မှာ မင်းဘုန်းခန့်နဲ့အပြင်မှာတွေ့ဖို့ချိန်းထားသည်။ သူလျှောက်လာတော့သူ့ကိုပါးစပ်အဟောင်းသားကြည့်နေလို့ကြောက်ရသေးသည်။

မင်းဘုန်းခန့်ကိုကြည့်မိတော့ အသားရေအဖြူလေးကိုမှ တီရှပ်အဖြူရောင်နဲ့ ဘောင်းဘီတဲ့ပွကိုမှအမဲရောင်ဖြင့်ဝတ်ဆင်ထားသည်။ ဆံပင်တချို့ကိုဖီးလိမ်းထားပြီးဆံပင်အတိုလေးတွေကိုရှေ့ချထားတာအရမ်းကြည့်ကောင်းတဲ့အမျိုးသားဖြစ်သည်။
သူအရမ်းကြည့်ကောင်းလို့ကြည့်နေချိန်သူ့လက်ကိုဆွဲ ပြီးဖက်လိုက်တာကြောင့်လူကကြောင်တောင်တောင်ဖြင့်ပါလာသည်။
သူလည်းမထူးဘူးဆိုရင်းပြန်ဖက်ထားလိုက်သည်တော့သူ့အကျီပေါ်မှာစိုနေတဲ့တချို့ကိုသိလိုက်ပြီး မင်းဘုန်းခန့်ခေါင်းကိုကိုင်ရင်းနမ်းလိုက်သည်။

မင်းဘုန်းခန့်မှာလည်းသူ့ခေါင်းကိုကိုင်ရင်းနမ်းလိုက်တာကြောင့်အလိုက်သင့်ပြန်နမ်းလိုက်သည်။ ရန်ပိုင်သော့်နူတ်ခမ်းက ကျွန်တော့်ကိုရူးသွတ်စေသည်။.ဒီနေ့မှာကျွန်တော်စတော်ဘယ်ရီအနံရတော့ သူ့အအေးသောက်လာမှန်းကျွန်တော်သိလိုက်သည်။ စတော်ဘာ်ရီအရသာနဲ့နူတ်ခမ်းလေးကိုမလွှတ်ချင်လို့ထပ်ပြီးနမ်းလိုက်တာ ရင်ဘတ်ပေါ်မှာ ထုနေတဲ့လက်သေးသေးလေးတွေကို ဖမ်းချုပ်ရင်းထပ်နမ်းလိုက်သည်။
သူနမ်းတာကြာနေမှန်းသိလို့လွှတ်ပေးတော့ အသက်ဝအောင်ရှူနေပြီးပါးစပ်ထဲမှာပေါ်နေတဲ့လျှာနီလေးကိုကျီစယ်ချင်စိတ်ကတဖွားဖွားပင်။

That's My Boy (Completed )Where stories live. Discover now