Part35 Unicode

64 4 0
                                    

အကို...ကျွန်တော့်ကိုထားမသွားပါနဲ့
ကယ်ပေးပါ...အကို့ကို ကယ်ပေးကြပါ....

'လူနာကိုခွဲခန်းထဲပို့ရမှာမို့လို့ဖယ်ပေးပါနော်...'

''မရဘူး..အကို ကိုခေါ်မသွားကြပါနဲ့''

နှိုင်းဝေယံတစ်ယောက် ဇံလင်းထက်ကိုဆွဲရင်းအော်ငိုနေမိသည်။ဘေးက nurseတွေကလည်းသူ့ကိုဝင်ဆွဲ ကြသည်။ ခွန်းစစ်မှုးမနေနိုင်တော့လို့ နှိုင်းဝေယံရဲ့ပခုံးကိုကိုင်ရင်း ​ပြောလိုက်သည်။

နှိုင်းဝေယံ မင်းဒီလိုဆက်လုပ်ရင်သူသေလိမ့်မယ် သူ့ကိုသေစေချင်နေတာလား..

အင်.....

သူပြောလိုက်တော့သူ့ကိုမျက်ရည်လည်ပြီးကြည့်နေလို့သူစိတ်ကိုလျော့ချလိုက်သည်။
နှိုင်းဝေယံတစ်ယောက်သူ့ကိုအော်ပြီးပြောနေတဲ့ခွန်းစစ်မှုးကို မပြောပါ။
သူကြောင့်ဘဲဖြစ်တာလေ..သူဘဲပြစ်ဒဏ်ခံချင်ပါတယ်။

nurseတွေက ဇံလင်းထက်ကိုတင်ပြီးခွဲခန်းထဲဝင်သွားတော့သည်။
သူတို့အကြာကြီးအပြင်မှာထိုင်စောင့်နေကြတော့သည်။ ခွန်းစစ်မှုးက အပြင်ဒဏ်ရာကြောင့်ငြိမ်းသူရစိတ်အေးသွားသည်။ အကိုဇံလင်းထက်တွက်လည်းစိတ်မကောင်းဖြစ်မိသည်။
သူနှိုင်းဝေယံကိုနှစ်သိမ့်ပေးလိုက်သည်။သူနှစ်သိမ့်ပေးလိုက်တော့သူ့ကိုပြန်ဖက်ရင်းငိုချလိုက်လို့ သူ့ကျောကိုဖြေးဖြေးချင်းပွတ်ပေးလိုက်သည်။

''ငိုချလိုက်..ငိုချလိုက်ဝေယံ..''

အကိုမသေပါဘူး..ဟုတ်တယ်မလား..

''အင်းအကိုဇံလင်းကမသေဘူး..ဘယ်တော့မှ''

သူတို့စကားပြောနေကြရင်း ခွဲခန်းထဲကနေ ဆရာဝန်တစ်ယောက်ပြေးထွက်လာခဲ့ကြတော့သည်။
သူတို့လည်းဆရာဝန်ဆီသွားပြီးမေးလိုက်ကြသည်။ ဆရာဝန်က markချွတ်ရင်းသူတို့ကိုပြောသည်။

''လူနာက သေနတ်မှန်ထားတော့ သွေးလိုနေတယ်..''

ဘာ.သွေးလဲ ဒေါက်တာ.

AB သွေးပါ..

အင်......?

သူတို့လန့်သွားကြသည်။ AB သွေးကရှားပါး
သွေးဖြစ်လို့ဘယ်မှာရှာရမှန်းမသိဖြစ်နေတော့သည်။ သူတို့သွေးရဖို့စဥ်းစားရင်း တေဇပြောလိုက်တဲ့စကားကြောင့် ဒေါက်တာအပါအဝင်၊ ကျွန်တော်တို့၃ယောက်အံ့သြ သွားသည်။

That's My Boy (Completed )Where stories live. Discover now