Part25 Unicode

84 6 0
                                    

တက္ကသိုလ်စာမေးပွဲဖြေနေ့....

ကျောင်းသူကျောင်းသားတွေရဲ့နောက်ဆုံးစာမေးပွဲ ​ကြီးလည်းရောက်လာခဲ့ပြီးအားလုံးမှာလည်းစိတ်တွေလူပ်ရှားနေကြသည်။
တက်ကြွတဲ့စိတ်တွေနဲ့နောက်ဆုံးကိုတဖန်နိူးထလိုက်ကြသည်။
စာမေးပွဲခန်းထဲဝင်ပြီးကိုယ့်ခုံနံပါတ်မှာနေရာယူပြီးစာဖြေရတာအရမ်းစိတ်လူပ်ရှားဖို့ကောင်းလှသည်။
ခွန်းစစ်မူး ဒီနေ့စာမေးပွဲနောက်ဆုံးနှစ်မှာငြိမ်းသူရနဲ့မတွေ့ရမှာစိုးရိမ်လှသည်။
သူကကျောင်းတက်လို့ပြီးဆုံးသွားပေမဲ့ ငြိမ်းသူရကတစ်နှစ်ကျန်သေးသည်။
သူအခန်းရှိရာသို့ဝင်လာလိုက်ပြီး စာဖြေဖို့အချိန်နီးလာကြသည်။

ဆရာ၊ဆရာမတွေလည်းရောက်လုနီးနီးဖြစ်နေကြပြီး စာမေးပွဲစာရွက်တွေနဲ့အတူ ပြေးလွှားနေကြသည်။
သူတို့ဖြေချိန်၄၅မိနစ်မှာပြီးဆုံးခဲ့ပြီး ထွက်လာခဲ့ကြသည်။
ခွန်းစစ်မူးဖြေပြီးချင်းငြိမ်းသူရဆီပြေးလာလိုက်ပြီးဖက်ထားလိုက်သည်။
ဒီကိုယ်သေးသေးလေးကို အရမ်းလွမ်းနေတာမတွေ့ဘဲ စာလုပ်နေရတဲ့သူ့ဘဝမှာဒီငြိမ်းသူရဆိုတဲ့လူသားလေးကျန်နေခဲ့လို့ကျေးဇူးပါ..ဘုရားသခင်

ငြိမ်းသူရမှာလည်းသူ့ကိုပြေးပြီးလာဖက်တဲ့ကိုကိုကြောင့်စိတ်ကငိုချင်လာသည်။
သူလည်းလွမ်းတာပေါ့ စာတွေနဲ့အပြင်အလုပ်ကိစ္စကြောင့်ပါလုံးပမ်းကြိုးစားနေရတဲ့ကိုကို ကိုယ့်သနားသည်။
သူလည်းအချိန်ပိုဆင်းပြီးစာပြေးလုပ်လိုက် ညဘက်ကျရင် သူငယ်ချင်းတွေဆီလာပြီးစာဝိုင်းကျက်လိုက်နဲ့ မတွေ့ရတဲ့ရက်ကများသည်။

ကိုကို...

'ငြိမ်းဖြေနိုင်ရဲ့လား..'

ဟုတ်ကိုကိုကော..

ကိုယ်လည်းဖြေနိုင်တယ် အထူးသဖြင့်ငြိမ်းကိုလွမ်းနေရတာကိုယ့်စိတ်ချမ်းမသာဘူးကွာ..

ကိုကိုရယ် ကျွန်တော်လည်းလွမ်းတာဘဲဗျာ့..
ကျွန်တော်လေ..အီး..''

ခွန်းစစ်မူးမှာသူ့ကိုမျက်လုံးရွှဲတွေနဲ့ကြည့်ရင်းငိုချတဲ့ငြိမ်သူရကိုပြန်ဖက်ထားရင်း ဆိုရှာသည်။

တိတ်တော့နော်ငြိမ်း။ကိုယ်နဲ့အပြင်အတူသွားကြရအောင်

အင်း..အင်း..

That's My Boy (Completed )Where stories live. Discover now