Part30 unicode

67 6 0
                                    

ငြိမ်းသူရမနေ့ကခွန်းစစ်မှုးနဲ့စကားများပြီးချင်းလူကဘာမှမလုပ်နိုင်၊မစားနိုင်ဖြစ်နေသည်။ လမ်းခွဲမယ်ဆိုတဲ့စကားတခွန်းက ဒီလိုကြောက်စိတ်ဝင်စေတာလား။ ဒါမှမဟုတ်လူကိုစိတ်ဒုက္ခပေးနေတာလား။
ငြိမ်းသူရအဝတ်စားလှဲရင်းအောက်သို့ဆင်းလာလိုက်သည်။

သူအောက်ရောက်တော့ ထမင်းစားထိုင်ခုံမှာဝင်ထိုင်ရင်းဘေးကခုံကိုငေးနေမိသည်။သူနဲ့စကားများပြီးတဲ့နေ့ကစရင်း ခွန်းစစ်မှုးရဲ့အရိပ်အယောင်အပြင်၊ကိုလည်းမတွေ့ရတော့ပါ။
သူငိုနေတုန်းလှေကားကဆင်းလာတဲ့သူ့ကြောင့် မျက်နှာအမြန်လွှဲ လိုက်ရသည်။ သူငိုနေတာကိုလည်းမတွေ့စေချင်ပါ၊ဘာကြောင့်လဲလာမမေးပါနဲ့ သူ့အမြင်မှာကျွန်တော့်ကို ပျော့ညံ့တဲ့လူလို့မထင်စေချင်ဘူး ခင်ဗျားရယ်။

သူတို့နှစ်ယောက်စကားမပြောဘဲစားနေကြလို့ နှစ်ဖက်မိဘတွေတမျိုးဖြစ်သွားကြသည်။ခွန်းစစ်အမေကဝင်ပြောတော့မှသူတို့တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်နေကြသည်။ နာရီစက္ကန့်ပိုင်းလောက်တင်ကြည့်ပြီး ခွန်းစစ်မှုးကအရင်လွှဲလိုက်သည်။ ငြိမ်းသူရသူ့အပြုအမှုတစ်ခုကြောင့်စိတ်ကငိုချင်လာသည်။ သူထိန်းရင်းပြောလိုက်သည်။

ကျွန်တော်တော်ပြီ စာကဒီနေ့အရေးကြီးလို့သူငယ်ချင်းတွေနဲ့ဘဲအိပ်တော့မယ်။

ငြိမ်းသူရနောက်ကိုမလှည့်ကြည့်ဘဲပြောရင်းထွက်လာလိုက်သည်။ သူထွက်လာပြီးမကြာ သူ့နောက်ကခြေသံကြောင့်အမြန်ထွက်လာခဲ့သည်။သူမြန်လေနောက်ကအမြန်လိုက်လေကြောင့် သူပြေးဖို့အဆင်သင့်ဖြစ်နေသည်။
သူပြေးဖို့အရှိန်ယူတုန်းသူ့လက်ကိုဆုပ်ကိုင်ပြီးပြောနေတဲ့လူကိုမကြည့်ဘဲရုန်းနေမိသည်။

ငြိမ်း..ဘာဖြစ်နေတာလဲ..?ခုထိမယုံကြည်နိုင်သေးဘူးလား။

ဘာတွေလာပြောနေတာလဲ..?လွှတ်ခုချက်ချင်း..!!

ငြိမ်း.....!!!

ဘာလဲ..?ဘာတွေပြောချင်နေတာလဲ..ပြတ်ပြီးသားကိစ္စကိုလာမပြောနဲ့လေ။

ဘာ..?ဘယ်ကပြတ်ပြီးသားကိစ္စလည်းမင်းကို ကိုယ်ဘာပြောရသေးလို့လဲ?

That's My Boy (Completed )Where stories live. Discover now