Part8 Zawgyi

42 1 0
                                    

ငြိမ်းသူရမနေ့တည်းကရန်ပိုင်သော်အိမ်မှာအိပ်လိုက်သည်
သူမနေ့တည်းကအိမ်ကိုအကြောင်းကြားထားတာကြောင့်သူစိတ်မပူရတော့ပါ ဒါပေမဲ့လည်း လူတချို့ကြောင့်သူစိတ်ပူရသည်
အဲ့လူကလည်း ဟိုလူဂွစာကြီး ဘဲ
သူအိမ်မှာနေတယ်ဆိုပြီး အချိန်မှန်ပြန်ရမယ် မင်းအပြင်ထွက်ရင်ဘာလို့ မပြောတာလဲမေးခွန်းပေါင်းသောင်းခြောက်ထောင်လာတော့မည်
အဲတာကြောင့်လည်းရှောင်ထွက်ခဲ့တာဖြစ်သည်
သူတို့၎ယောက်ကျောင်းရောက်တော့ ထုံးစံတိုင်းကျောင်းအုပ်ရုံးခန်းရောက်သွားသည်
မနေ့ညကဘတ်စကတ်ဘောကွင်းမှာရန်ဖြစ်တယ်အပြင် ကျောင်းရဲ့စည်းကမ်းချက်ဖြစ်တဲ့ ကျောင်းသားအချင်းချင်းရန်မဖြစ်ရဆိုတာကို ဖောက်ပျက်မိလို့ဖြစ်သည်

မင်းတို့မိဘတွေဆီလက်မှတ်ထိုးခိုင်းလိုက်

ဟုတ်ကဲ့ကျောင်းအုပ်

မင်းတို့နောက်တခါပြသာနာမရှာလာနဲ့ငါတကယ်ကျောင်းထုတ်မိလိမ့်မယ်

ဟုတ်
သူတို့၎ယောက်စာရွက်ကိုယ်စီကိုင်ရင်းပြန်ထွက်လာခဲ့သည် သူတို့၎ယောက်အပြင်ဟို၎ကောင်လည်းပါသည်
သူတို့ဒီတခါတော့တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းမဆိုင်တော့ပါ ကိုယ့်မျက်နှာကိုတောင် မှန်ထဲမကြည့်နိုင်ဖြစ်နေသည်
သူတို့အတန်းထဲဝင်လာတော့ စိတ်ပူနေကြတဲ့ အတန်းသားအချင်းချင်းကိုစိတ်မပူဖို့ပြောရသေးသည်
သူတို့မျက်နှာကိုသူတို့ကြ က်ပူထိုးရင်းစာလေးလုပ်နေကြသည် အတန်းထဲဝင်လာတဲ့ဆရာတောင်သူတို့ကိုရယ်နေသည်

သူတို့အတန်းချိန်ပြီးသွားတော့အလုပ်လုပ်ဖို့ကိုယ်စီပြန်လာကြသည်
တေဇနဲ့ရန်ပိုင်က ဝပ်ရှော့မှာလုပ်ပြီးဝေယံနဲ့သူရက cafeဆိုင်မှာလုပ်သည်
သူတို့အလုပ်လုပ်တဲ့နေရာက တစ်ယောက်နဲ့တစ်ယောက်သိပ်မဝေးပါ မိဘတွေကလည်းကျောင်းနဲ့အလုပ်လုပ်ခြင်းကို သဘောမကျပေမဲ့ အလုပ်လုပ်ရလို့ပျော်နေတဲ့သားသမီးတွေကြောင့် သူတို့ဆီပါအပျော်တွေကူးစက်ရသည်

ငြိမ်းသူရအလုပ်ရပြီးချင်းအလုပ်ကိုအစောကြီးသွားသည် ဆိုင်မှာကြမ်းတိုက်လိုက်ခုံတွေသန့်ရှင်းရေးလုပ်ပြီး ကော်ဖီဖျော်တာကအစသူသင်ယူသည် တဖြည်းဖြည်းချင်းတက်လာလို့သူအရမ်းပျော်သည်.
သူတို့ညနေပိုင်းကျတော့ လူတွေသိပ်မလာတော့တာကြောင့် သန့်ရှင်းရေးလုပ်ပြီးထိုင်နေကြသည်
ငြိမ်းသူရအပြင်ကိုလှမ်းငေးနေတုန်း ဝေယံကသူ့ရှေ့ထိုင်ခုံမှာလာထိုင်သည်
သူကိုကော်ဖီတခွက်ပါပေးလိုက်သည်.
ကျွန်တော်သောက်လိုက်တော့ကော်ဖီကကောင်းသည် လူကိုစိတ်ကျေနပ်မူအပြည့်ပေးတဲ့ပုံမျိုးပင်

That's My Boy (Completed )Kde žijí příběhy. Začni objevovat