Part3 Zawgyi

73 1 0
                                    

စတိုရီယိုခန်း..

ကဗျာတွေစီကာ..အချစ်ဆုံးဖတ်ဖို့
နှလုံးသားဆီကစကားလုံးများ...
အချစ်အဓိပါယ်ဖွင့်ဆို နေချိန်ပြုံးပန်းတို့ ဖူးပွင့်မလားအချစ်နူတ်ဖျား...
သံစဉ်တွေနဲ့ ကိုယ်ရေးဖွဲ့တဲ့တေးသွားလွင်လွင်..ကိုယ့်သီချင်းများ..နားဆင်ရင်း
တန်ပြန်အချစ်စိတ်တို့ ကိုယ့်အတွက်ထားနိုင်မလား

အလွမ်းအိမ်မက်..ကိုယ်မှမက်လို့ပါ
စာနာစဉ်းစားပေးလဲ့ဦး
အချစ်ရေးစီးမှာ အတူဆုံမျှော်ချင်တာ...
အတူဖန်တီးတဲ့အချစ်အိမ်ကလေးနဲ့.. ပင်လယ်ကျော်ကာ ဖြတ်သန်းသမုဒရာ...
အချစ်ရဲ့ရေပြင်ကျယ်ကြီးထဲမှာ..
တသက်စာတွက်..ဟိုမခမ်းခြောက်မဲ့..
ကိုယ့်အချစ်များပေးဆပ်ရင်း...ပျော်နေမှာ..

ဒီသီချင်းဆိုအဆင်ပြေတယ်မလား..

အေး
ငါတို့ကြိုက်လွန်းလို့ရူးတော့မယ်ဟက်..
တေဇဟိန်းတစ်ယောက်ဂီတာတီးရင်းပြန်ညင်းမိနေသည် သည်သီချင်းလေးနားထောင်တိုင်း ပင်လယ်သမုဒရာမှာချစ်ရသူနဲ့ရွက်လွင့်နေရသလိုပင် လေပြေတွေတိုက်လို့ အချစ်စကားတွေတစ်ယောက်နဲ့တစ်ယောက်ဖွဲ့နွဲ့ပြောချင်မိသည်

တေဇရယ်တော်ပါတော့
အေးပါကွာ ခဏလေးကီးပြန်ညှိုနေတယ်

သူတို့ကန်တင်းဘက်ထွက်လာခဲ့သည် ခုတလောပိုင်းဥပဒေအဖွဲ့နဲ့ရန်မဖြစ်ဖြစ်ပါ ဖြစ်ရင်လည်းမပြီးတော့ဘူးလေ
သူတို့စကားလက်ဆုံကြနေတုန်း ငြိမ်းသူရထံဖုန်းဝင်လာသည်
တေဇတစ်ယောက်နောက်ဖို့ပြင်လိုက်သည်
မင်းရည်းစားလား..

ပြောမလားငါ့အမေ..

စတာမပြောဘူး
ဟယ်လိုအမေ..

......

ဗျာ့ ဟာအမေကလည်းမသွားချင်ဘူး..

......

ဟုတ်ကဲ့ဒါဘဲမလား...

....
တီ..
ဘာပြောတာလဲ
ငါ့ညီမလေ သူ့ဖိုင်ကျန်ခဲ့လို့သွားပို့ပေးရအုံးမယ်

မင်းမှာညီမရှိတာလားလျှိုထားတယ်နော်..အမယ်

မပြောချင်လို့ပေါ့ဘာဖြစ်လဲ

အေးပါ..

သွားပြီ
ငြိမ်းသူရသူ့ညီမတို့အတန်းဘက်ရောက်ချလာသည်
ကျွန်တော်စီးပွားရေးအဆောင်ဘက်မသွားချင်ပါဘူးဆိုနေမှ အခုသွားရတော့မယ်
သူစီးပွားရေးအဆောင်ဘက်ရောက်တော့ အတန်းမသိဘဲ ဘေးကလူကိုမေးလိုက်သည်

That's My Boy (Completed )Where stories live. Discover now