Part13 Unicode

122 9 0
                                    

''ညီ..ထတော့လေ''

ဗျာ..ဟုတ်သားဘဲကျောင်းနောက်ကျတော့မယ်..

အခုမှထပြီးလုပ်နေတဲ့ကောင်လေးကိုကြည့်ရင်းရီနေမိသည် သူ့အရှေ့ရီရင်လည်းရှက်သွားမှာကြောင့်တိုးတိုးလေးကြိတ်ရီမိသည်
နိူင်းဝေယံသူ့ကို အကိုလာနိုးမှသိသည် မနေ့ညထဲကဘယ်လောက်အိပ်သွားမှန်းမသိပါ
နိုးလာတော့ သူ့ကိုကျောင်းဝတ်စုံအပြည့်နဲ့ဝတ်ထားတဲ့အကိုကြောင့် သူငုတ်တုတ်ထိုင်ပြီး အမြန်ထလုပ်လိုက်သည်
တော်ကြာသူများအိမ်မှာညအိပ်ပြီးဘာလိုလိုဆိုတဲ့အသံတွေကြားရတော့မည်

ညီပြီးပြီလား သွားကြမယ်..

ဟုတ်..အကို

သူတို့နှစ်ယောက် busကားစီးပြီးကျောင်းသို့လာခဲ့ကြသည် တကျောင်းလုံးကသူ့ကို စိုက်ကြည့်နေတာကြောင့်လူကကြောက်စိတ်တောင်ဝင်မိသည်
အကို့ကို ကြည့်လိုက်တော့ ဘာမှမဖြစ်သလိုသူ့ကိုပြုံးပြနေသည်
သူလည်းပြန်ပြုံးပြရင်းအတန်းထဲဝင်လာခဲ့သည်
သူအတန်းထဲရောက်တော့ စပ်ဖျင်းဖျင်းမျက်နှာနဲ့ တေဇရယ် မိူင်တတွေတွေနဲ့ ရန်ပိုင်သော်ကြောင့်သူအခက်ခဲရှိနေပြီလို့တွေးလိုက်သည်

ဘာဖြစ်နေကြတာလဲ..?

ဘာဖြစ်ရမှာတုန်း..မနေ့ညကလေ..အား.ငါမပြောချင်တော့ဘူး

ရန်ပိုင်သော်သူ့ခေါင်းကိုကိုင်ပြီးမျက်လုံးမှိတ်ရင်းပြောရှာသည် ကျွန်တော်နဲ့ငြိမ်းသူရက ဘာလဲဆိုတဲ့အထာဖြင့်တေဇကိုကြည့်လိုက်သည်
တေဇကရီနေရင်းသူပြောပြလို့ အကြောင်းစုံသိခဲ့ရသည်

'ဒါကြီးကတော့..တကယ်ပါ'

သူဘယ်လိုတောင်လုပ်ရက်ရတာလဲ..?

...

ငါဘယ်သိမှတုန်း..

သူတို့၃ယောက်သာစကားပြောနေကြသည် ရန်ပိုင်သော်ကတော့မနေ့ကအကြောင်းကိုတွေးလိုက်တိုင်း လူသတ်ချင်တာလား ရှက်စိတ်ဝင်တာလားမသိတော့ပါ ဒီကောင့်မျက်နှာပြန်မြင်ရမယ်ဆိုသေတာတောင်မြင်ချင်စိတ်မရှိတာအမှန်ပါ

ရန်ပိုင်..ရန်ပိုင်သော်.!

ငါလိုးမသားကြီး မင်းဘုန်းခန့်.အီး..ဟီး..

That's My Boy (Completed )Where stories live. Discover now