Part11 Unicode

122 7 0
                                    

ငါတို့ကြည့်ရှင်းပေးမယ် ခဏစောင့်

'အင်း'

ငြိမ်းသူရနဲ့အတူအတန်းထဲဝင်လာပြီး စာဆက်လုပ်ကြသည်
သူတို့စာအကုန်ပြီးတော့ ထိုင်နေကြ ကန်တင်းဆီရောက်လာခဲ့သည်

သူတို့အချင်းချင်းရီမောနေပေမဲ့ ငြိမ်းသူရကငိုင်ငိုင်ကြီးထိုင်နေသည်

ငြိမ်းသူရ..ငါပြောမယ်

ပြော..

မင်းသူ့ကိုအတည်ချစ်တာလား..

အင်း..

မင်းခိုင်မာတဲ့ဆုံးဖြတ်ချက်တခုလုပ်သင့်တယ်နော်..

မင်းပြောတာမှန်တယ်..

ငြိမ်းသူရကန်တင်းဘက်ကထွက်လာခဲ့သည်
သူကျောင်းဝင်းဘက်ထွက်လာတုန်း သူ့ရှေ့ရောက်လာတဲ့ခြေတစုံကိုမြင်တာနဲ့ ထွက်လာခဲ့သည်
သူထွက်လာတော့ သူ့ကိုလှမ်းဆွဲလိုက်တာကြောင့်ယိုင်သွားသည်

ခင်ဗျား..လက်ကိုလွှတ်!!

ကိုယ်မလွှတ်ဘူး..ဒီနေ့မင်းကိုယ့်ကိုဘာလို့ရှောင်နေတာလဲ

ဘာလို့ရှောင်ရမှာလဲ.. လူကနေမကောင်းရတဲ့ကြား.

နေမကောင်းဘူးလား..မှန်းစမ်း.

ခွန်းစစ်မူး ငြိမ်းသူရနဖူးပေါ်ခက်တင်ပြီးစမ်းလိုက်သည်
အပူတော့သိပ်မရှိပေမဲ့ နွေးနေသည်

လာပြန်ကြမယ်

မ..ပြန်..ဘူး...

သူ့လက်ကိုအတင်းရုန်းပြီး စကားတခွန်းစီကိုဖိပြောနေတာကြောင့် ကျွန်တော်သူ့အပေါ် အမှားများလုပ်မိခဲ့လို့လား အဲ့တာကြောင့် ကျွန်တော့်ကိုဒီလိုဆက်ဆံနေတာလား.

ကိုယ်ဘာမှားလို့လဲ.. မှားတာရှိရင်ပြော.. စကားမပြောဘဲမနေပါနဲ့နော်' ငြိမ်း'

သူ့လက်ကိုကိုင်ပြီးတတွတ်တတွတ်ပြောနေတဲ့လူကြောင့် ရင်ထဲမှာအောင့်သက်သက်ဖြစ်ရသည်
ဘာမှားလို့လဲ ဆိုကျွန်တော်မှားတာ ခင်ဗျားကိုသိပ်ချစ်ခဲ့မိတဲ့အမှားထင်ပါတယ်..

ဘာမှမဟုတ်ဘူး အိမ်ပြန်ချင်ပြီ..

ကိုယ်နဲ့ပြန်မယ်..

That's My Boy (Completed )Where stories live. Discover now