Part20 Unicode

113 5 0
                                    

နိူင်းဝေယံတစ်ယောက်လေဆိပ်လေးမှာလာရပ်စောင့်နေမိသည်။ တွေ့ချင်သူကပြန်လာမယ်ဆိုတော့လည်းကိုယ်ဘဲပျော်ရွှင်မိနေသည်။ သူကောပျော်နေပါ့မလားသိချင်မိသည်။
သူလေဆိပ်လေးမှာစောင့်နေတာ၂နာရီနီးပါးရှိနေသည်။ အရိပ်အယောင်လေးတောင်မတွေ့ရဖြစ်နေသည်။ သူစောင်ပြီးရင်စောင့်နေခဲ့သည်။ တအောင့်ကြာတော့ တွေ့လိုက်ရတဲ့အကိုပုံက ကျွန်တော့်ကိုထင်မက်စေသည်။
အကိုရယ်မမြင်တာကြာလွမ်းလာတာကျွန်တော်ဘဲ ဖြစ်မယ်ထင်တယ်။
နိူင်းဝေယံ အရှေ့ကဇံလင်းထက်ဆီလျှောက်ဖို့လုပ်ပေမဲ့ သူနဲ့အတူမိန်းကလေးတစ်ယောက်ကိုပါတွေ့လိုက်ရသည်
သူရှေ့ဆက်မသွားဘဲရပ်ကြည့်နေလိုက်သည် အကို့မှာသူ့ထက်သာတဲ့မိန်းမတွေရှိတာမဆန်းပင်။ အကိုကလည်းလူချမ်းသာတွေထဲကဆိုတော့ ကျွန်တော့်လိုလူနဲ့မတန်ဘူးလေ
နိူင်းဝေယံနံရံကိုမှီရင်းကြည့်နေမိသည် သူအရှေ့ဆက်မသွားရဲပါ အကို့ကိုဒီလိုပုံနဲ့မြင်ရတာသူစိတ်ချမ်းမသာပါ ကျွန်တော်မှားတာ အကို့ကို ရွေးမိခဲ့တဲ့ကျွန်တော့်အမှားပါ အကိုရယ်..
နိူင်းဝေယံလေဆိပ်ကနေထွက်လာပြီး သူလာနေကျနေရာမှာထိုင်နေမိသည်။
ပုံရိပ်တွေကိုမတွေးချင်ပေမဲ့ပေါ်ပေါ်လာတာကြောင့် ဝမ်းနည်းစိတ်ကပိုဝင်လာခဲ့သည်။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ အကို..
သူဆက်မတွေးချင်တော့လို့ မျက်လုံးစုံမှိတ်ရင်းထိုင်ခုံကိုမှီထားလိုက်သည်။
သူမှီနေရင်းသူ့ဘေးနားမှာလေဝင်လေထွက်တခုကိုရလိုက်သည်။ သူဘယ်သူများလဲလို့မော့ကြည့်တော့ သူ့ဘေးနားမှာရှိနေတဲ့အကို့ကြောင့် သူလန့်သွားသည်။
သူလန့်နေတုန်းရှိသေးသူ့ကိုတင်းကြပ်စွာဖက်ထားလိုက်တဲ့အကိုကြောင့် ဝဲဘက်ရင်ထဲကခုန်ထွက်တော့မည်။ သူလန့်ဖျပ်ပြီးတွန်းမယ်ကြံအကိုရဲ့စကားကြောင့်သူငြိမ်နေပေးလိုက်သည်

ခဏလောက်ငြိမ်ပေးပါ ညီ.''ကိုယ်ပင်ပန်းနေလို့ပါ

နိူင်းဝေယံငြိမ်နေပြီးအကို့ရဲ့ကျောပြင်ကိုပုတ်ပေးလိုက်သည်။
အက်ိုသာပျော်မယ်ဆိုကျွန်တော်ဘယ်ချိန်ဖြစ်ဖြစ်ထွေးပွေ့ပေးဖို့အဆင့်သင့်ပါဘဲ
ကျွန်တော့်ကိုသာလိုအပ်ခဲ့ရင်ဘယ်ချိန်မဆိုခေါ်လိုက်ပါ ကျွန်တော်ဆိုတဲ့နိူင်းဝေယံက အကို့ဆီအပြေးရောက်လာခဲ့မယ်။
ဇံလင်းထက်ဒီနေ့မြန်မာပြည်ပြန်ရောက်ချင်းညီလာကြိုမယ်ဆိုပြီးပျော်နေပေမဲ့ သူအပျော်တွေကြာကြာမခံခဲ့ပါ သူ့ဆီဂျူလီယာဆိုတဲ့မိန်းမရောက်လာပြီးသူ့ကိုပွေ့ဖက်လိုက်သည်.
ကျွန်တော်ပွေ့ဖက်တာကိုသိပ်ဘဝင်မကျပေမဲ့အမေ့မျက်နှာ​ကြောင့်လျှော့လိုက်သည်.။
သူ့ကိုပွေ့ဖက်ပြီးသူနိူင်းဝေယံကိုလိုက်ရှာနေမိသည် သူရှာနေတုန်းနံရံနောက်မှာပုန်းနေတဲ့ညီကိုတွေ့ပေမဲ့ သွားပြီးခေါ်လို့မရပါ ညီထွက်သွားပြီးသိပ်မကြာ သူဂျူလီယာကိုတွန်းပြီးညီရှိနေကျနေရာကိုထွက်လာလိုက်သည်
သူထွက်လာတော့ ထိုင်ခုံပေါ်မှာမျက်လုံးစုံမှိတ်ရင်းရှိုက်နေတဲ့ကိုယ်လေးရဲ့ဘေးသွားသို့လိုက်သည် သူ့ကိုမြင်ရောလန့်သွားတဲ့ညီကြောင့်သူဖက်ထားလိုက်သည် ။
သူနယ်ဘက်ထွက်မှသိလာသည် သူညီကိုချစ်နေမိပြီဆိုတဲ့စကားကိုပြောချင်ပေမဲ့မမြင်ရတဲ့မျက်နှာလေးရယ် မကြားရတဲ့ စကားသံချိုချိုလေးတွေကိုတွေ့ချင်မိလာသည်။ ချစ်တယ်ညီ တခါတည်းဖွင့်ပြောလိုက်ချင်ပြီ
သူညီ့ကိုဖက်ထားရာကနေလွှတ်လိုက်ပြီး သူကိုခေါ်လာလိုက်သည်
အခုတော့ဖွင့်မပြောသေးပါ ညီရဲ့သဘောထားကိုအရင်မေးကြည့်အုံးမယ်လို့ဆုံးဖြတ်ထားသည်
သူတို့နှစ်ယောက်ကော်ဖီဆိုင်ဘက်ထွက်လာလိုက်သည်။ သူတို့ပြတင်းပေါက်ရှိတဲ့ဘက်မှာထိုင်ကြပြီးဇံလင်းထက်သူ့အိပ်ကပ်ထဲက လည်ဆွဲတခုကိုထုတ်လိုက်ပြီးညီ့လည်းပင်းမှာဆွဲပေးလိုက်သည်။ ဒါကညီ့တွက်သီးသန့်လုပ်ထားတဲ့လည်ဆွဲလေးဖြစ်သည်။ ညီဝတ်ရင်အရမ်းလှမှာဘဲလို့တွေးထားတာကျွန်တော်ထင်တာထက်ပိုလှသည် ။
နိူင်းဝေယံမှာသူ့ကိုဆွဲပေးလိုက်တဲ့အကို့ကို​ကြောင်အစွာကြည့်နေမိသည်။ အကို့ပေးတဲ့လည်ဆွဲလေးကရိုးရှင်းပြီးလှသည် ဒီလိုရိုးရှင်းပြီးလှတဲ့အရာက တခြားအရာတွေထက်ပိုပြီးတန်ဖိုးမကြီးပေမဲ့ကျွန်တော့်တွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတခုပါ

That's My Boy (Completed )Donde viven las historias. Descúbrelo ahora