ငြိမ်းသူရမနေ့တည်းကရန်ပိုင်သော်အိမ်မှာအိပ်လိုက်သည်
သူမနေ့တည်းကအိမ်ကိုအကြောင်းကြားထားတာကြောင့်သူစိတ်မပူရတော့ပါ ဒါပေမဲ့လည်း လူတချို့ကြောင့်သူစိတ်ပူရသည်
အဲ့လူကလည်း ဟိုလူဂွစာကြီး ဘဲ
သူအိမ်မှာနေတယ်ဆိုပြီး အချိန်မှန်ပြန်ရမယ် မင်းအပြင်ထွက်ရင်ဘာလို့ မပြောတာလဲမေးခွန်းပေါင်းသောင်းခြောက်ထောင်လာတော့မည်
အဲတာကြောင့်လည်းရှောင်ထွက်ခဲ့တာဖြစ်သည်
သူတို့၄ယောက်ကျောင်းရောက်တော့ ထုံးစံတိုင်းကျောင်းအုပ်ရုံးခန်းရောက်သွားသည်
မနေ့ညကဘတ်စကတ်ဘောကွင်းမှာရန်ဖြစ်တယ်အပြင် ကျောင်းရဲ့စည်းကမ်းချက်ဖြစ်တဲ့ ကျောင်းသားအချင်းချင်းရန်မဖြစ်ရဆိုတာကို ဖောက်ပျက်မိလို့ဖြစ်သည်မင်းတို့မိဘတွေဆီလက်မှတ်ထိုးခိုင်းလိုက်
ဟုတ်ကဲ့ကျောင်းအုပ်
မင်းတို့နောက်တခါပြသာနာမရှာလာနဲ့ငါတကယ်ကျောင်းထုတ်မိလိမ့်မယ်
ဟုတ်
သူတို့၄ယောက်စာရွက်ကိုယ်စီကိုင်ရင်းပြန်ထွက်လာခဲ့သည် သူတို့၄ယောက်အပြင်ဟို၄ကောင်လည်းပါသည်
သူတို့ဒီတခါတော့တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းမဆိုင်တော့ပါ ကိုယ့်မျက်နှာကိုတောင် မှန်ထဲမကြည့်နိုင်ဖြစ်နေသည်
သူတို့အတန်းထဲဝင်လာတော့ စိတ်ပူနေကြတဲ့ အတန်းသားအချင်းချင်းကိုစိတ်မပူဖို့ပြောရသေးသည်
သူတို့မျက်နှာကိုသူတို့ကြ က်ပူထိုးရင်းစာလေးလုပ်နေကြသည် အတန်းထဲဝင်လာတဲ့ဆရာတောင်သူတို့ကိုရယ်နေသည်သူတို့အတန်းချိန်ပြီးသွားတော့အလုပ်လုပ်ဖို့ကိုယ်စီပြန်လာကြသည်
တေဇနဲ့ရန်ပိုင်က ဝပ်ရှော့မှာလုပ်ပြီးဝေယံနဲ့သူရက cafeဆိုင်မှာလုပ်သည်
သူတို့အလုပ်လုပ်တဲ့နေရာက တစ်ယောက်နဲ့တစ်ယောက်သိပ်မဝေးပါ မိဘတွေကလည်းကျောင်းနဲ့အလုပ်လုပ်ခြင်းကို သဘောမကျပေမဲ့ အလုပ်လုပ်ရလို့ပျော်နေတဲ့သားသမီးတွေကြောင့် သူတို့ဆီပါအပျော်တွေကူးစက်ရသည်ငြိမ်းသူရအလုပ်ရပြီးချင်းအလုပ်ကိုအစောကြီးသွားသည် ဆိုင်မှာကြမ်းတိုက်လိုက်ခုံတွေသန့်ရှင်းရေးလုပ်ပြီး ကော်ဖီဖျော်တာကအစသူသင်ယူသည် တဖြည်းဖြည်းချင်းတက်လာလို့သူအရမ်းပျော်သည်.
သူတို့ညနေပိုင်းကျတော့ လူတွေသိပ်မလာတော့တာကြောင့် သန့်ရှင်းရေးလုပ်ပြီးထိုင်နေကြသည်
ငြိမ်းသူရအပြင်ကိုလှမ်းငေးနေတုန်း ဝေယံကသူ့ရှေ့ထိုင်ခုံမှာလာထိုင်သည်
သူကိုကော်ဖီတခွက်ပါပေးလိုက်သည်.
ကျွန်တော်သောက်လိုက်တော့ကော်ဖီကကောင်းသည် လူကိုစိတ်ကျေနပ်မူအပြည့်ပေးတဲ့ပုံမျိုးပင်

YOU ARE READING
That's My Boy (Completed )
Romanceပထမဆုံးစတွေ့မူမှာတင် အလွဲလွဲအချော်ချော်ဖြစ်ပြီး အိမ်ကအကြွေးများလို့ ငြိမ်းသူရ အဖေကသူရဲ့ ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအိမ်မှာသွားနေလိုက်တာ သူတို့နှစ်ယောက်ပြန်ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက်အမြင်ကပ်မူကနေစပြီး တအိမ်ထဲနေဖြစ်ကာ အချစ်စစ်ဖြစ်သို့ ပြောင်းလဲလာ...