Part15 Unicode

115 7 0
                                    

ရန်ပိုင်သော်..!!

ဘယ်သူလဲငါ့ကိုခေါ်နေ..မင်းဘုန်းခန့် ''

ရန်ပိုင်သော်ဒီနေ့ဘောလုံးကစားပြီးပြန်လာချိန်သူ့ကိုတစ်ယောက်ယောက်ခေါ်နေတာတွေ့လို့ ေမးလိုက်ချိန်သူ့မတွေ့ချင်တဲ့သူဖြစ်နေတာကြောင့်လှည့်ထွက်လာလိုက်သည်
သူအအမြန်လှည့်ထွက်လာချိန်သူ့နောက်ကိုဘယ်ချိန်ရောက်လာပြီးသူ့ကိုလှမ်းဆွဲလိုက်လဲမသိပါ..

မင်းငါ့ကိုဘာလို့ရှောင်နေတာလဲ..?

မရှောင်ဘူးလို့ပြောပြီးပြီလေ ငါကမင်းနဲ့စကားမပြောချင်လို့လို့မှတ်ထားလိုက်..!!

''ဘာလို့စကားမပြောချင်တာလဲ..မင်း​ပြောမှငါသိမှာပေါ့''

မင်းသိလည်းအပိုဘဲ ဖယ်ပေးပါငါပင်ပန်းနေပြီ..

ငါနဲ့တနေရာအတူလိုက်ခဲ့ပေး.

ဘာ..

မင်းလိုက်ခဲ့ပေး''

မင်းဘုန်းခန့် တစ်ယောက်ရန်ပိုင်သော့်လက်ကို ဆွဲ ပြိးကားထဲထည့်လိုက်သည်
သူတချိန်လုံးရန်ပိုင်သော်လက်ကိုဆုပ်ကိုင်ရင်းကားမောင်းလာခဲ့သည်
ရန်ပိုင်သော်ကလည်းတလုံးမျှမပြောဘဲသူ့နောက်သာလိုက်လာခဲ့သည်
ကားရပ်ပြီးချင်းသူတို့နှစ်ယောက်ပန်းခြံထဲ ကခုံမှာစကားပြောကြသည်

ငါမေးတာမင်းအမှန်ဖြေပေး..

ဘာကိုလဲ..?

အဲ့နေ့ညကငါနဲ့မင်းနမ်းခဲ့ကြတယ်ဟုတ်တယ်မလား..

မင်းဘယ်လိုသိ..'?

''မင်းငါ့ကိုဘာလို့ဖုံးကွယ်နေတာလဲ..မင်းသိလားအဲဒီအချိန်တုန်းက မင်းငါ့ကိုပစ်ပယ်ထားသလိုခံစားရတယ် မင်းသိလား..''

မင်း..!!မင်းဘယ်လိုစကားတွေပြောနေတာလဲ.. မင်းလည်းယောကျ်ား၊ ငါလည်းယောကျ်ား မင်းသိရဲ့သားနဲ့မင်းမလို့လုပ်ရက်တယ်

''ငါမင်းကိုအတည်လိုက်မယ်ဆိုရင်ရော''

ငါဘယ်တော့မှလက်မခံဘူးမင်းမှတ်ထားပါ''..

ရန်ပိုင်သော်သူ့ပြောတဲ့စကားအဓိပါယ်ကိုသိပေမဲ့ သူတို့နှစ်ယောက်ကလုံးဝမဖြစ်နိုင်ပါ ကိုယ်ကိုတိုင်ကလည်းဒီလိုအဖြစ်မျိုးကိုလက်ခံဖို့ဆိုတာ စဥ်းစားရအုံးမည်

That's My Boy (Completed )Where stories live. Discover now