Part32 Unicode

62 5 0
                                    

အီး...ဟီး....''

မင်းဘာလို့ဒီမှာလာငိုနေတာလဲ..?

အင်..ခင်ဗျားကဘယ်သူလဲ..?

''ငါက ဝိညာဥ်ဘဲသေပြီးသားလူပေါ့..''

ငြိမ်းသူရတစ်ယောက်သူ့ဘေးနားလာထိုင်ရင်းဆိုနေရှာတဲ့လူကို ထပ်မေးလိုက်သည်။

'ကျွန်တော်လည်းသေပြီးသားဘဲလေ.မဟုတ်ဘူးလား.'

မဟုတ်ဘူး.မင်းကမသေသေးဘူးရှင်နေတုန်းဘဲ..

''အင့်ဟင်း...ကျွန်တော်ကသေပြီးသားပါ ခင်ဗျားလိမ်နေတာ..ကိုကိုက ကျွန်တော့်ကိုစွန့်ပစ်သွားပြီ ''

ငါပြောတာယုံ..ဟိုမှာကြည့်စမ်းသူမင်းကိုဘယ်လောက်ချစ်တာမင်းတွေ့လား..။

ငြိမ်းသူရသူ့ညွှန်ပြရာနေရာကိုကြည့်လိုက်တော့သူ့လက်ကိုဆုပ်ကိုင်းရင်းငိုနေရှာတဲ့ကိုကိုကြောင့်လူက မျှော်လင့်ချက်ရှိလာသည်။ ​ကိုကို့ ကိုယ်အနီးကပ်ကြည့်လိုက်ချိန် ပိန်လာပြီး..နူတ်ခမ်းမွှေးတွေလည်းရှည်ပြီးအရင်ကချောမောမှုအပြည့်နဲ့ပုံမဟုတ်တော့ပါ။
သူစိတ်လှုပ်ရှားစွာနဲ့သူ့ဘေးကလူကိုမေးလိုက်သည်။

ကျွန်တော်ဘယ်လိုပြန်ရမှာလဲ..​ပြောပြပါ..

''မင်းခုရောက်နေပြီလေ..''

'..အင်..'

ငြိမ်းသူရတစ်ယောက်ကြောင်အစွာဖြင့်သူ့ကိုစိုက်ကြည့်နေမိသည်။သူကလက်ဖျောက်တချက်တီးပြီးပျောက်ကွယ်သွားသည်အထိကျွန်တော်ကြည့်နေမိသည်။ကျွန်တော်အတွေးထဲမှာဘယ်လိုပြန်ဝင်ရမလဲလို့သာတွေးနေမိတော့သည်။
သူတွေးနေရင်းစူးစူးနဲ့အနံသက်ကြောင့်သူခေါင်းမူးလာခဲ့ရင်းအိပ်ပျော်သွားတော့သည်။

--------------------------------------

ခွန်းစစ်မှုးတစ်ယောက်ဘယ်နှစ်ရက်မှန်းလဲမသိ၊ကျောင်းလဲမသွားနိုင်ဖြစ်နေသည်။သူခံစားနေရတာတွေကိုဘယ်သူကသိမည်နည်း။သူမျက်နှာသစ်ပြီးငြိမ်းသူရနားဆီပြန်လာလိုက်ရင်းနဖူးကိုတချက်နမ်းလိုက်သည်။
သူနမ်းပြီးထထွက်ဖို့အလုပ်ငြိမ်းသူရရဲ့လက်လှုပ်လာလို့သူဆရာဝန်ကိုအပြန်ခေါ့လိုက်သည်။ဆရာဝန်တွေနဲ့ငြိမ်းသူရသူငယ်ချင်းတွေလည်းရောက်လာကြသည်။
မလာနိုင်တော့တဲ့လူကိုတော့ Vcနဲ့ဘဲစကားပြောခဲ့ကြသည်။
ဆရာဝန်စမ်းသပ်တဲ့အထိသူတို့ငုတ်တုတ်ထိုင်နေကြသည်။ ဆရာဝန်ကသူတို့ဘက်လှည့်ပြုံးပြလိုက်မှ စိတ်ထဲသက်သာသွားတော့သည်။
ခွန်းစစ်မှုးတစ်ယောက်ဆရာဝန်နားသွားရင်းမေးလိုက်သည်။

That's My Boy (Completed )Where stories live. Discover now