Part12 Unicode

131 8 0
                                    

ညီ..

''အကို..ဇံလင်းထက် ''

ညီဘယ်သွားမလို့လဲ..?

ကျွန်တော်.ရုပ်ရှင်သွားကြည့်မလို့ပါ..

အကိုလည်းလိုက်မယ်နော်..

ဟုတ်အကို..

ဇံလင်းထက်ဒီနေ့အကောင်ပေါက်လေးနဲ့တွေ့ချင်မိနေသည်
သူတွေ့ချိန်စိတ်ကအစိုးမရလွန်းလို့ ကောင်လေးဆီထွက်လာခဲ့သည်
သူထွက်လာတော့ T-shirtအဖြူရောင်လေးကို stylepanဘောင်းဘီအပြာလေးနဲ့တွဲဝတ်ထားတာချစ်စရာအတိပင်
သူလေးကအိမ်တံခါးပိတ်ပြီးအပြင်ထွက်တော့ကျွန်တော် အမြန်ပြေးလိုက်ခဲ့ရသည်
ကျွန်တော်မှီသွားတော့ သူ့ကိုအံသြစွာကြည့်နေတာလေးက ဆွဲရမ်းချင်စရာ

ကျွန်တော်တို့နှစ်ယောက်စကားမပြောဘဲလျှောက်လာခဲ့ကြသည်
ရုပ်ရှင်ရုံထဲရောက်တော့လတ်မှတ်ဖြတ်ပြီးဝင်ထိုင်နေလိုက်ကြသည် မုန့်တွေဝယ်ပြီးရုပ်ရှင်ခန်းထဲဝင်သွားကြသည်
ကျွန်တော်တို့နှစ်ယောက် ထိုင်ခုံမှာထိုင်ရင်းရုပ်ရှင်စကြည့်ဖြင့်ကြသည်
ရုပ်ရှင်ကကျွန်တော့်အကြိုက် သရဲကားလေ
ကျွန်တော်ကစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားမှန်သမျှကြည့်သည်
ကျွန်တော်ဘေးနားထိုင်တဲ့အကောင်ပေါက်ကတော့ကြောက်တယ်ထင်သည်

သူ့လက်တွေနဲ့ကျွန်တော်ထိမိသွားတော့ အေးစက်ပြီးတုန်ရီနေသည် ကျွန်တော်လည်းအပေပါ်ကုတ်ကိုချွတ်ပြီးသူ့ကိုခြုံပေးလိုက်သည်
သူ့ခြုံပေးလိုက်တော့ မျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်နေလို့ ကျွန်တော်စလိုက်သည်

ချမ်းနေမှာစိုးလို့ အနွေးထည်ဝတ်ထား..

' ကျေးဇူးပါ 'အကို..

မလိုပါဘူး..ကိုယ်မှားရွေးမိပြီထင်တယ် ညီကသရဲကြောက်မှန်းမသိလိုက်ဘူး..

မ..ကြောက်.ကြောက်ပါဘူး..

တကယ်လား..

ဟက်..ဟုတ်ပါပြီ..

သူတို့စကားပြောရင်းရုပ်ရှင်လည်းကြည့်ကြသည်
ရုပ်ရှင်ပြီးလို့အိမ်ပြန်ချိန်မိုးရွာချလိုက်တာကြောင့် နိူင်းဝေယံ အခက်တွေ့သွားသည်
ဒီအချိန်အဆောင်ကိုပြန်ရင်အပြောခံရအုံးမည် အဆောင်က၈နာရီပိတ်တာဆိုတော့ သူပြန်ဖို့အိမ်လည်းမရှိတော့ပါ သူငယ်ချင်းအိမ်ပြန်မယ်ဆိုလည်း သူ့အမေတွေနဲ့အခက်တွေ့အုံးမည်

That's My Boy (Completed )Where stories live. Discover now