Part31 Unicode

69 4 0
                                    

ငြိမ်း...ဘယ်တော့သတိရမှာလဲ..?

ခွန်းစစ်မှုးတစ်ယောက်သတိမရဘဲအိပ်နေတဲ့ငြိမ်းသူရလက်ကိုဆုပ်ကိုင်ရင်းမေးနေမိသည်။ ဒီတသက်နိူးထမလာရင် သူ့နှလုံးသားကိုဓားနဲ့ထိုးနေတာလား။ မလုပ်ပါနဲ့လို့ပြောလိုက်ချင်ပေမဲ့ကိုယ့်ကို ဒီတိုင်းကြီးတော့မထားခဲ့လိုက်ပါနဲ့။
ခွန်းစစ်မှုးငိုတော့မဲ့မျက်ရည်တွေကိုထိန်းရင်းအပြင်ထွက်လာခဲ့သည်။ သူအပြင်ထွက်လာတော့သူ့ဆီဖုန်းဆက်လာတာကြောင့်သူကိုင်လိုက်သည်။
သူကိုင်လိုက်ချင်းသူလိုချင်တဲ့အဖြေကိုရလိုက်တာကြောင့်ဝမ်းသာသွားရသည်။
သူဆေးရုံကနေထွက်လာပြီး အိမ်ကိုပြန်လာခဲ့သည်။ အိမ်ပြန်ရောက်ရောက်ချင်း သူ့ကိုစောင့်ကြိုနေတဲ့အဖေဆီသွားလိုက်သည်။

အဖေကျွန်တော်ပြောတဲ့အကြောင်းရပြီလား..

'ရပြီသူပုန်းနေတယ်လို့ငါသတင်းကြားထားတယ်'

''.........''

သား..ဘယ်လိုလုပ်မလဲ ဒါနဲ့သားငြိမ်းသတိရပြီလား..?

''မရသေးဘူးအဖေ ကျွန်တော်ဘယ်လိုလုပ်ရမလဲ..ငြိမ်းက ကျွန်တော့်ကိုထားသွားပြီလားမသိဘူး၊ ကျွန်တော်ဘယ်လောက်လှုပ်နိူးနိူးမနိူးဘူးအဖေ ကျွန်တော်လေ..ကျွန်တော်.''

တိတ်တော့ငါ့သား  မငိုနဲ့.သားငြိမ်းကမင်းကိုမထားသွားပါဘူး..

''ကျွန်တော့်ကို ဥက္ကာ ရှိတဲ့နေရာကိုပြောပါ ကျွန်တော်လိုက်မလို့''

အင်....

အဖေ ေပြာပါ ကျွန်တော့်ကို..!!

အင်းဟုတ်ပြီလေ အဖေ နောက်မှပို့ပေးလိုက်မယ်ခုတော့အတည်အကျမသိသေးဘူး။

ဟုတ်ကျေးဇူးပါ..အဖေ

ခွန်းစစ်မှုးသူ့အဖေနဲ့စကားပြောပြီး ဥက္ကာ ကိုလိုက်ရှာခဲ့သည်။ သူရှာနေပေမဲ့သတင်းအတည်အကျမှမရတာကြောင့်ပိုဒေါသဖြစ်မိသည်။
သူစိတ်ပျက်လက်ပျက်ဖြင့် barမှာသွားထိုင်နေလိုက်သည်။
သူbarရောက်တော့သူ့ကိုဘဲ ကြည့်နေတဲ့မိန်းမတွေကြောင့်လူက စိတ်ညစ်လာသည်။ သူညစ်ညစ်နဲ့ whisklyတခွက်ကိုမော့ချလိုက်သည်။ လည်ချောင်းထဲစူးစူးနဲ့ခံစားရခက်စေသည်။ သူတခွက်ပြီးတခွက်မော့သောက်လိုက်တာ ဘယ်ချိန်ရောက်မှန်းတောင်မသိတော့ပါ။
သူသောက်ပြီး ကားရှိရာသို့ထွက်လာလိုက်သည်။ သူကားမောင်းရင်းအိမ်ကိုပြန်ချလာခဲ့သည်။ ဖုန်းကိုဖွင့်ကြည့်တော့ ေခါ်ထားတဲ့ misscallတွေအများကြီးဖြစ်နေသည်။ သူဖုန်းပြန်ဆက်လိုက်တော့ ဆေးရုံကဖြစ်လို့လန့်သွားသည်။

That's My Boy (Completed )Where stories live. Discover now