Part14 Unicode

128 9 4
                                    

''ငြိမ်းထတော့လေ''

ကိုကို..ဟီး.

အိပ်ပုတ်လေး..မထသေးဘဲဘာလုပ်နေတာလဲ..?

အင်ဟင့်.ဘာမှမလုပ်ပါဘူး ဒါနဲ့အပြင်သွားကြမယ်နော်..

သွားမယ်လေ ငြိမ်းရဲ့..

ဟုတ်

ခွန်းစစ်မူး ငြိမ်းသူရခေါင်းကိုပုတ်ရင်းထွက်သွားတော့သည်
သူဒီလိုနေ့မျိုးလေးကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီပေါ့ ကျေးဇူးတင်ပါတယ် ဘုရားသခင် ကျွန်တော့်ဘဝထဲကိုငြိမ်းသူရဆိုတဲ့လူသားကိုလာရောက်ပေးသနားခဲ့လို့ ကျေးဇူးပါ..
ငြိမ်းသူရလည်းသူ့ခေါင်းကိုပုတ်ရင်းထသွားတဲ့ ခွန်းစစ်မူးကိုကြည့်နေမိသည်
တနေ့တနေ့ချောလာတဲ့ကိုကိုကြောင့် ကျွန်တော်စိတ်ညစ်မိသည်
ဒါပေမဲ့လည်း ကျွန်တော်ကိုကို့ ကိုပိုင်ဆိုင်ရခဲ့ပြီလေ ပျော်လိုက်တာ..
သူအမြန်လုပ်ရင်းထွက်လာတော့ သူ့ကိုစူးစိုက်စွာကြည့်နေတဲ့ ညီမတော်ကြောင့် ပျော်မယ့်အစီအစဥ်တွေတောင်ပျက်သွားသည်

ငြိမ်းသူရသူ့ညီမအရှေ့လည်းရောက်ရော တည်တည်ငြိမ်ငြိမ်ဖြင့်ထွက်လာလိုက်သည် သူထွက်လာရော နောက်နေကဆောင့်ဆွဲလိုက်တာကြောင့် လူကမိုးပေါ်ပျံချင်သွားသည်
သူလည်းဘုကြည့်ကြည့် ကြည့်ပေးလိုက်သည်

''ကိုကြီးနဲ့ အကိုခွန်းစစ်ရည်းစားဖြစ်တာမပြောဘူးနော်''

မဟုတ်ပါဘူး..

လိမ်နေတာပါ သမီးသိတယ်နော် fujoushi မရဲ့အစွမ်းပါ ဒါတွေသိတယ်..

သိရင်လည်းပြီးတာဘဲ.ငါနဲ့လည်းမဆိုင်ဘူးမှတ်ထားနော်

ချေမိုးပြီးထွက်သွားတဲ့အကို ကိုကြည့်ရင်းငြိမ်းသုမေဒေါသထွက်လာမိသည်
ဘယ်နှယ့်လင်ရသွားတော့လည်းညီမကိုတောင်ပလင့်သွားသည်

''တော်တော်စိတ်ပုတ်တဲ့ကိုကြီး''

ငြိမ်းသူရပြောပြီးချင်းအမြန်ထွက်လာခဲ့သည်
သူထွက်လာရော စောင့်နေတဲ့ခွန်းစစ်မူးနားပြေးသွားလိုက်သည်

ကိုကို''

ခွန်းစစ်မူးသူ့ကိုခေါ်ပြီးပြေးလာတဲ့အကောင်ပေါက်ကိုဆွဲဖက်ထားလိုက်သည် ဒီကလေးလေးအရမ်းသွက်နေသည်
သူနဲ့အစတုန်းကဆိုဘုနဲ့ဘောက်ပြောတဲ့ကလေးက အခုသူ့ကို ကိုကိုလို့ခေါ်တာထူးဆန်းသည်
ပြီးတော့ t shirtအဝါရောင်လေးနဲ့ ဂျင်းဘောင်းဘီ အညိုရောင်ဒူးအတိကိုဝတ်ထားတာကအစချစ်ဖို့ကောင်းသည်

That's My Boy (Completed )Where stories live. Discover now