Part37 Unicode

105 3 0
                                    

wedding day......♥

ငြိမ်း..ထတော့လေ..

ထပြီ..

ခွန်းစစ်မှုးတစ်ယောက်ငြိမ်းကိုလာနိူးပြီး သူလဲရေချိုးလိုက်သည်။သူတို့နှစ်ယောက်ကိုယ်စီရေချိုးပြီးတော့ အခန်းကိုယ်စီမှာအလှပြင်ကြတော့သည်။ အမေပြင်ဆင်ပေးတဲ့ မိတ်ကပ်ဆရာမက ငြိမ်းအသားရေကိုကိုင်နေလို့သူစိတ်တိုသွားရင်းအော်လိုက်သည်။

''ဒီမှာ အလှပြင်ပေးမှာဆိုမြန်မြန်လုပ် ကျွန်တော်လုပ်မိလိမ့်မယ်နော်''

ဟုတ်ကဲ့ပါ...

မိတ်ကပ်ဆရာမ မှာအကြောက်လွန်ပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။သူငြိမ်းသူရကို အလှပြင်ပေးပြီးတော့ ဆံပင်ကော ၊ အဝတ်ကောထိပြင်ဆင်ပေးလိုက်သည်။
သူပြင်ဆင်ပေးပြီးထွက်လာတော့ ဒေါ်မှုးထိပ်ထားနဲ့ တွေ့လို့စကားပြောလိုက်သည်။ ဒေါ်မှုးထိပ်ထားမှာလည်းသူ့သားအကြောင်းလာပြောနေလို့ ရီရမလို၊ ငိုရမလိုဖြစ်နေသည်။သူမလည်းသူ့သားကြောင့်စိတ်ရှုပ်ရသေးသည်။

ဒါဆိုကျွန်မပြန်ပြီနော် ဒေါ်ထိပ်ထား''

မိတ်ကပ်ဆရာမ မှာကော့ကော့နဲ့ထွက်သွားတော့သည်။
ဒေါ်မှုးထိပ်ထား၊ ဦးခွန်းစစ်ရောင်နဲ့ ဒေါ် ​မေသူဇာ၊ ဦးငြိမ်းသီဟ တို့နှစ်ဖက်မိဘတွေအချင်းချင်းစကားပြောကြသည်။
သူတို့စကားပြောကြရင်း ငြိမ်းသူရသူငယ်ချင်းတွေနဲ့ ဇံလင်းထက်တို့လည်းရောက်လာကြသည်။
သတို့သား၂ယောက်ကို တွေ့ချင်ကြတဲ့လူတွေရှိသလို ၊ ယောကျ်ားနှစ်ယောက် မဂ်လာဆောင်ချင်းကိုမနှစ်သက်သူတွေလည်းရှိကြသည်။

ခွန်းစစ်မှုးsuitအပြည့်ဝတ်ဆင်ပြီး သူ့ပုံကိုသူမှန်ထဲ ပြန်ကြည့်လိုက်သည်။
အမဲရောင်suitအပြည့်ဝတ်ဆက်ထားလို့သူပုံက အရမ်းခန့်ညားနေတော့သည်။
သူငြိမ်းကိုပိုင်ဆိုင်ရတော့မယ်လို့တွေးလိုက်တိုင်းသူပျော်သည်။
သူပြင်ဆင်ပြီး ခန်းမဆောင်ကိုထွက်လာလိုက်တော့သည်။
သူတည်ကြည်ခန့်ညားမှုကိုတခြားလူတွေကငေးမောနေကြသည်။

သူတို့အကုန်လုံးခန်းမရောက်ပြီးနောက် ခွန်းစစ်မှုး ခန်းမရှေ့မှာရပ်လိုက်သည်။
ပန်းခင်းလမ်းကိုရောက်လာတော့မဲ့ချစ်ရသူကိုမျှော်လင့်တကြီးစောင့်နေမိသည်။
သူမျှော်နေတုန်း ​ဦးငြိမ်းသီဟလက်ကို ကိုင်ရင်းထွက်လာတဲ့ အဖြူရောင်suitကိုမှ ပန်းစီးလေးကိုင်ထားတဲ့ချစ်ရသူကိုတွေ့လိုက်ရသည်။
သူဆီတဖြေးဖြေးလျှောက်လာရင်း နောက်က တညီတညွှတ်တည်းသီချင်းထွက်ပေါ်လာတော့သည်။
သူတိုးတိုးလေးလိုက်ဆိုနေမိသည်။

That's My Boy (Completed )Where stories live. Discover now