Part26 Unicode

65 5 0
                                    

ခွန်းစစ်မူးတစ်ယောက်ဟိန်းမင်းသူနဲ့စကားပြောပြီးတော့ငြိမ်းသူရရောက်လာသည်။
ဟိန်းမင်းသူက သူနဲ့ငြိမ်းသူရက်ိုနူတ်ဆက်ပြီးလှည့်ထွက်သွားသည်။
နှစ်ယောက်စလုံးချစ်ခဲ့ကြပေမဲ့ လူတစ်ယောက်က တစ်ယောက်ကိိုဘဲချစ်နိုင်တယ်လို့ယုံကြည်တယ်။
သူလည်းသူ့ချစ်ရတဲ့လူကိုတွေ့မယ်လို့ကျွန်တော်ဆုတောင်းတယ်။ အချစ်နဲ့စစ်မှာမတရားတာအမှန်ပေမဲ့ သူ့ကိုရာဇဝင်ထဲက ဒသာလို့မဖြစ်စေချင်ပါ။
ငါတို့ကအကောင်းဆုံးသူငယ်ချင်းတွေမှန်းငါသိတယ်ဟိန်းမင်းသူ။ မင်းလည်းအဲ့လိုထင်တယ်မလား။
သူတွေးနေရင်းသူ့ကိုငြိမ်းသူရခေါ်မှသိသည်။
သူငြိမ်းသူရဘက်လှည့်ပြီးအားတင်းဖို့ပြောလိုက်သည်။

'ကိုယ်တို့အတူကျော်ဖြတ်ကြမယ်နော်..'

''အင်းကိုကိုသာကျွန်တော့်ကိုခွဲမသွားနဲ့..ကျွန်တော်ကြောက်တယ်''

ကိုယ်က ငြိမ်းကိုဘာလို့ခွဲရမှာလဲ..?

မသိဘူးလေ.. ဝေးရမယ်ထင်..

'မပြောနဲ့မကြားချင်ဘူး.ကိုယ်မင်းကိုလက်မလွှတ်ဖို့ဆုံးဖြတ်ထားတယ်ငြိမ်း.
ကိုယ်​ပြောတာနားလည်လား.'

''...........''

သူ့ကိုဖက်ထားပြီးခေါင်းဘဲညိမ့်ပြတဲ့ငြိမ်းကြောင့်အပူမီးကမငြိမ်းသွားပါ။ ငြိမ်းကိုယ့်ကိုမယုံသေးဘူးဆိုတာကိုယ်သိနေပြီ ယုံဖို့တွက်လည်းဘာမဆိုကြိုးစားဖို့အသင့်ဘဲ။

ငြိမ်းပြန်ကြမယ်လေ..

''ဟုတ်ကိုကို''

သူတို့နှစ်ယောက်ဆိုင်ကယ်စီးပြီးအိမ်ကိုပြန်လာကြသည်။ လမ်းတလျှောက်လုံးမှာချစ်သူရည်းစားလေးတွေပျော်ရွှင်နေကြတာကို သူအားကျမိသည်။
ကျွန်တော်သာမိန်းကလေးဖြစ်ခဲ့ရင် ကိုကို့ကိုယ့်ကော ကျွန်တော့်မိဘတွေကောစိတ်ညစ်ရမှာမဟုတ်ဘူး။ ကျွန်တော်အားကျတယ်မိန်းမအဖြစ်မမွေးဖွားလာခဲ့တဲ့ကျွန်တော့်ကိုယ် ကျွန်တော်စိတ်ပျက်တယ်။
သူတို့အိမ်ပြန်ရောက်တော့စိတ်ပူစွာကြည့်နေတဲ့မိဘနှစ်ပါးကြောင့်ခေါင်းကိုငုံထားမိသည်။
သူတို့အခန်းကိုယ်စီပြန်ကြပီး ငြိမ်းသူရဖုန်းဖွင့်ကြည့်တော့ တက်လာတဲ့ စာတွေမက်ဆေ့တွေကြောင့်လူက လန့်သွားသည်။
သူတို့ပုံတွေအောက်မှာကောမန့်တွေအများကြီးရှိပြီးလူတော်တော်များများက စိတ်ညစ်စရာတွေ၊ ရွံစရာကြီးတို့ဆိုကြသည်။

That's My Boy (Completed )Donde viven las historias. Descúbrelo ahora