part-1 (U/Z)

1.8K 32 0
                                    

ရန်ကုန်မြို့ကြီး၏တစ်ထောင့်တစ်နေရာ၌တည်ရှိနေသော "Welcome family school" ဟုခေါ်သော Private high school ကြီးတွင် အထက်တန်းလွှာ သူဌေးသားများသာအများဆုံးတက်ရောက်နိုင်သည်။နှစ်ကုန်ခါနီးအချိန်တွင်ထိုကျောင်းကြီး၏၁၀တန်းအခန်းတွင် ရန်ဖြစ်သံ ထိုးကြိတ်သံ များနှင့်သာဆူညံပွက်လောရိုက်နေတော့သည်။ထိုအခန်းထဲမှပြေးထွက်လာသော အတန်း၏မော်နီတာသည် ရုံးခန်းသို့အမြန်အပြေးသွားလိုက်သည်။ရုံးခန်းထဲသို့အရောက်တွင်အတန်းပိုင်အား အတန်းထဲ၏အဖြစ်အပျက်ကိုပြောပြလေသည်။

"တီချယ် တီချယ်"

"ဟေ အောင်မျိုးကျော် မင်းဘယ်လိုဖြစ်လာတာတုန်း ချွေးတွေနဲ့လဲရွှဲနေလို့ပါလား"

"တီချယ် အတန်းထဲမှာခေတ်မင်းနေကြာတို့ရန်ဖြစ်နေကြတယ် အဲ့တာတီချယ့်ကိုလာခေါ်တာပါ"

အောင်မျိုးကျော်မှထိုသို့ပြောလိုက်သည်နှင့်အတန်းပိုင်ဆရာမဖြစ်သည့်ဒေါ်သိင်္ဂီနွယ်သည်အလန့်တကြားဖြစ်သွားရသည်။
ခေတ်မင်းနေကြာဆိုသူမှာကြီးကြီးတက်ချမ်းသာသူ သူဌေးသားတစ်ယောက်ဖြစ်ပြီးခေတ်မင်းနေကြာ၏ဖခင် ဦးမျိုးအောင်သည်"Welcome family school"၏ရှယ်ယာဝင်တစ်ဦးဖြစ်နေသောကြောင့်ခေတ်မင်းနေကြာမှာ တစ်ဦးတည်းသားလဲဖြစ် ဖခင်ဖြစ်သူသည်လဲရှယ်ယာဝင်ဖြစ်နေသောကြောင့်ဆိုးချင်တိုင်းဆိုးနေတော့သည်။ခေတ်မင်းနေကြာသည်အသားခပ်ဖြူဖြူနှင့်ရုပ်ရည်လဲအလွန်ချောမောလှသည့်လူငယ်တစ်ဦးဖြစ်သည်။

"ဟေ အဲ့တာဆိုမဖြစ်ဘူးအမြန်သွားရအောင်"

"ဟုတ် တီချယ်"

ဆရာမတစ်ဦးနှင့်ကျောင်းသားတစ်ဦးမှာ၁၀တန်းခန်းသို့အမြန်ပြေးရလေတော့သည်။ဒေါ်သိင်္ဂီနွယ်သည်အတန်းသို့ရောက်တာနှင့်အမြန်ရန်ဖြစ်နေသော​ကျောင်းသားများကိုဆွဲရတော့သည်။

"ဟဲ့ ကလေးတွေရပ်ကြ သွေးထွက်သံယိုတွေဖြစ်ကုန်မယ် "

"မအေ ိုး မင်းကိုသတ်မယ်"

"လာစမ်းပါ ပြောတာကြာတယ်လာသတ်လာ"

ကျောင်းသားနှစ်ဦးမှာထိုးကြိတ်နေရင်းနဲ့ဆဲဆိုနေကြတော့သည်။ဆရာမသည်လဲ ဆွဲ၍လဲမနိုင်တော့ပါ။ကျောင်းအုပ်ကိုသာခေါ်လိုက်ရတော့သည်။

Accidentally I met my future husbandWhere stories live. Discover now