part-13(U/Z)

120 5 0
                                    

မှောင်ရီစပြုလာသောအချိန်တွင်အဝါရောင်မီးများထိန်လင်းနေသော အဆောင်အအုံအရှေ့တွင် ဆိုင်ကယ်အနက်ရောင်အားထိုးရပ်၍ဆင်းလာသော အမျိုးသားတစ်ဦးမှာ အလွန်ချောမောသည့်ထဲပါဝင်သည်။မျက်နှာပေါက်မှာ နှာတံချွန်ချွန်လေးပါရှိပြီးမေးရိုးမှာထင်းနေသည်။ထိုအမျိုးသားသည်တစ်ခုခုကိုအလိုမကျဟန်ပေါ်ပြီး မျက်နှာထားမှာအလွန်တင်းမာနေ၍ မျက်လုံးမကြည့်တို့မှာစူးရှနေသည်။ဝတ်ဆင်ထားသောဝတ်စုံမှာလည်းအနက်ရောင်တွေကြီးသာဖြစ်သည်။ထိုအမျိုးသားသည်အခြားသူမဟုတ်ပေ သုခန့်စိုးသာဖြစ်သည်။

သုခန့်စိုးရောက်နေသည့်နေရာသည်ဘားတစ်ခုဖြစ်သည်။ထိုဘားသည်သုခန့်စိုးစိတ်ညစ်တိုင်းလာနေကျနေရာဖြစ်သည်။သုခန့်စိုးသည်ဆိုငိထဲသို့ဝင်သွားပြီးဆိုင်အတွင်းရှိခုံတန်းတစ်ခုတွင်ဝင်ထိုင်၍ အရက်များကိုမှာလေသည်။ညအချိန်ရောက်တော့မည်ဖြစ်သောကြောင့်ဘားထဲတွင်လူအတော်စည်သည်။ သုခန့်စိုးကတော့ထောင့်ကျသည့်နေရာတွင်သာထိုင်၍အရက်များကိုတစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။သုခန့်စိုးသည်ပုံမှန်စိတ်ညစ်ရင်တောင်ရေချိန်ကိုက်အောင်သောက်တတ်သူဖြစ်သည်။အခုလည်းသောက်ရင်းနှင့်မျက်ရည်များဝဲတတ်လာသည်။

ငါ့အချစ်ကမင်းနဲ့မတန်လို့လားထိန်လင်းရောင်ရာ ငါမင်းကိုသူငယ်ချင်းလိုဘဲသဘောထားမယ်ဆိုရင်အခုလိုမင်းနဲ့တတွဲတွဲလုပ်ပြီးနေမှာမဟုတ်ဘူးဆိုတာမင်းသိသင့်တယ်။ငါ့ရှေ့မှာတင်မင်းပါးစပ်ကထွက်သွားတဲ့စကားက ငါ့ကိုအရှင်လတ်လတ်သတ်လိုက်သလိုဘဲဆိုတာမင်းသိသင့်ပါတယ်။မင်းချစ်တဲ့သူနဲ့သာပျော်အောင်နေပါ ငါထွက်သွားပေးပါ့မယ် မင်းကိုယ်တိုင်ကငါ့ကိုမယုံကြည်နိုင်ဘဲ မင်းချစ်တဲ့သူဘယ်သူဘယ်ဝါဆိုတာတောင်ထုတ်မပြောနိုင်သေးတာဘဲငါလည်းဆက်မတွယ်ကပ်တော့ပါဘူး လက်လွှတ်လိုက်ပြီ ငါတစ်ကယ်မင်းကိုလက်လွှတ်လိုက်ပြီထိန်လင်းရောင်။ဘယ်အရာကငါတို့ကိုမပေါင်းဖက်စေတာလည်း လိင်တူဖြစ်နေလို့လား နောင်ဘဝမှာလိင်ကွဲအနေနဲ့မွေးဖွားပြီးမင်းနဲ့ပေါင်းစည်းချင်တယ်။

သုခန့်စိုးတစ်ယောက် တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်မှာ ငါးခွက်ထက်ကျော်လွန်နေပြီ။ရေချိန်ထက်လည်းကျော်နေပြီဖြစ်သောကြောင့်အသိစိတ်တွေပျောက်နေပြီဖြစ်သည်။မျက်လုံးမှမျက်ရည်များကလည်းရေတံခွန်တဖွယ်စီးကျနေလေသည်။သုခန့်စိုးသည်အသိစိတ်လုံးလုံးပျောက်၍ ဆိုင်ပြင်ကိုထွက်လာသည်။အသိစိတ်ပျောက်သည်ဆိုသောညား သူလုပ်နေသည့်အရာများကိုတော့အနည်းငယ်ထိန်းချုပ်နိုင်ပါသေးသည်။ဆိုင်ပြင်ရောက်တော့ ဆိုင်ကယ်ပေါ်တပ်ခွ၍ အရှိန်ပြင်းစွာမောင်းထွက်သွားသည်။သူသွားနေသောနေရာသည် တစ်ခုတည်းသောနေရာ ထိန်လင်းရောင်အိမ်ဖြစ်သည်။ဟုတ်တယ် နောက်ဆုံးအကြိမ် နောက်ဆုံးတွေ့ဆုံမှုအနေနဲ့ ငါမင်းကိုချစ်တယ်ဆိုတာလေးပြောသွားချင်တယ်။သူငယ်ချင်းဆိုတဲ့သံယောဇဥ်ပျောက်မယ်ဆိုရင်တောင်နောက်ဆုံးအနေနဲ့ပြောသွားချင်တယ်။နာရီဝက်လောက်မောင်းပြီးနောက် ခြံတစ်ခြံရှေ့အရောက်တွင်ဆိုင်ကယ်ဟွမ်းကိုတီးလိုက်ပြီးရီဝေဝေနှင့်ဆိုင်ကယ်ပေါ်ကဆင်း၍ခြံရှေ့တွင်သွားရပ်လိုက်သည်။ခဏအကြာတွင်​ခြံရှေ့သို့ပြေးထွက်လာသောထိန်လင်းရောင်ကိုမြင်လိုက်ရသည်။

Accidentally I met my future husbandWhere stories live. Discover now