part-15(U/Z)

121 2 0
                                    


"ရှိန်း အဆင်ပြေရဲ့လား"

"ပြေပါတယ် နင်သွားတော့လေလာကြိုနေပြီသွားတော့လေ။

"နင်တစ်ကယ်အဆင်ပြေလို့လား"

"ပြေပါတယ်။

"အင်းအင်း ဒါဆိုငါသွားတောယ်နော်"

မှိုင်းလေညှင်းသွားသည်အထိ ရှိန်းဟာငိုင်နေဆဲပင်။ရှိန်းဟာငယ်စဥ်ထဲကရန်ဖြစ်တာနဲ့ပတ်သတ်ပြီးစိတ်ဒဏ်ရာတစ်ချို့ရှိသည်။ထိုအရာမှာရှိန်းအသက်၅နှစ်လောက်ထဲကပင် အနေအအေး၍အားပျော့သောကြောင့် အမြဲလိုလိုအနိုင်ကျင့်ခံရလေ့ရှိသည်။ထိုကဲ့သို့လူအများကြီးကရှိန်းကိုဝိုင်းထိုးကြသည်။ထိုအချိန်မှစ၍ရှိန်းဟာစိတ်ဒဏ်ရာရခဲ့သည်။ခေတ်နဲ့မှိုင်းလေညှင်းတို့နဲ့ခင်တော့သူ့ကိုအမြဲကာကွယ်ပေးကြသည်။ဒီနေ့အချိန်ထိသူ့ကိုရန်စသည့်သူမရှိသေးသော်လည်းဒီနေ့အချိန်တွင်ငယ်စဥ်ကအဖြစ်အပျက်အချို့ကိစ္စဟာမျက်လုံးထဲတွင်ပြန်ပေါ်လာခဲ့သည်။သို့သော်သူမငိုခဲ့ပါချေ ငိုရင်အရှူံးသမားဘဲမလား သူဒီထက်ပိုကြံ့ခိုင်ဖို့လိုအပ်တယ်လေ။ရှိန်းတွေးနေတုန်းမှာပင်ရှိုင်းသန့်စင်ဟာရောက်လာခဲ့သည်။ရှိန်းဟာအုတ်ခုံပေါ်တွင်ထိုငိနေသောကြောင့် ရှိန်းအရှေ့တွင်ရပ်လိုက်သည်။

ရှိန်းဟာသူ့ရှေ့တွင်ရပ်လိုက်တော့ ကိုယ့်ကိုမော့ကြည့်လာသည်။သို့သော်ရှိန်းမျက်ဝန်းကိုတွေ့လိုက်ရတော့အနည်းငယ်လန့်သွားရသည်။ဒီကလေးရဲ့မျက်ဝန်းထဲမှာ ကြောက်လန့်မှု အားငယ်မှု ဝမ်းနည်းမှုတွေကိုမြင်နေရသည်။ရှိုင်းသန့်စင်လည်းရှိန်းကိုဖက်ထားလိုက်တော့ ရှိန်းဟာလည်းပြန်လည်ဖက်တွယ်လာခဲ့သည်။

"ရှိန်းအဆင်မပြေဘူးမလား ငိုချလိုက်နော်ကလေးကိုယ်ရှိတယ်"

"အီး..ဟီး ဘာလို့ကျွန်တော့်ကျမှလဲ အီး ဟီး ကျွန်တော်အရမ်းပျော့ညံ့တာဘဲ အဲ့တာကြောင့်မို့ အင့် အဲ့တာကြောင့်မို့အမြဲအနိုင်ကျင့်ခံနေရတာ ကျွန်တော်ဒီထက်ပိုသန်မှရမယ်မလားဟင်အကိုရှိုင်းသန့်စင် ဟုတ်တယ်မလား အီး ဟီး.."

"ရှိန်းလေးက သန်မာပြီးသားပါကွာ နောက်ဆိုရှိန်းဘေးမှာကိုယ်ရှိတယ်နော် ဘယ်သူမှအနိုင်မကျင့်စေရဘူး"

Accidentally I met my future husbandWhere stories live. Discover now