part-19(U/Z)

94 5 0
                                    

"မသောက်ဘူးလို့!"

"ကိုယ့်ကိုအခက်တွေ့အောင်မလုပ်နဲ့နော် ခေတ်"

"ကိုကိုကသားဖြစ်ချင်တာတောင်မလုပ်ပေးချင်ဘူးဆိုတော့ ငြိုငြင်ပြီပေါ့!"

"ခေတ်ဖြစ်ချင်တာကဖြစ်သင့်မဖြစ်သင့်တွေးလေ ဆေးသောက်ဖို့သောက်ရမယ်"

"မသောက်ပါဘူးဆို အင့်"

"ခေတ်ကိုယ်အလုပ်သွားရအုံးမှာ မငိုနဲ့သောက်"

ဆေးသောက်ဖို့ဆန်ပြုတ်တိုက်တာမသောက်ဘူးငြင်းနေသောခေတ်နဲ့မသောက် သောက်အောင်တိုက်နေသောလွန်းစေတန်မောင်ပင်။အတင်းတိုက်တော့ ငိုလာလေရဲ့ဆန်ပြုတ်နဲ့ဟိုဘဝကရန်သူများဖြစ်လာခဲ့လားမသိ။ဆေးရုံကဆင်းခွင့်ရတဲ့အတွက်အိမ်ပြန်သွားတော့မည်ဖြစ်သည်။

"ခေတ်ဆေးသောက်ပြီးရင် အိမ်ပြန်ရတော့မှာလေကွာ နည်းနည်းဘဲသောက်"

"ကိုကိုခွန့်မှာလား ကိုကိုမခွင့်ရင်မသောက်ဘူး"

"ဟုတ်ပြီ"

ခေတ်ကိုတိုက်ပြီးသည်နှင့် ဆေးသောက်ခိုင်းရသည်။အဝတ်ထုတ်တွေကိုတော့ အိမ်ကအလုပ်သမားတစ်ယောက်ကိုလွှတ်၍လာယူခိုင်းမည်ဖြစ်သည်။ခေတ်ကိုခေါ်ပြီးအိမ်ကိုပြန်လာလိုက်သည်။လမ်းတစ်လျှောက်လုံးသာလိကာပေါက်လိုစကားတွေတစ်တွတ်တွတ်ပြောလာသောခေတ်ပင်။အိမ်ရှေ့ရောက်မှတိတ်သွားသည်။အိမ်ထဲရောက်တော့ မုဒြာရည်ကထွက်ပြီးလာကြိုသည်။

"မောင် မုဒြာစောင့်နေတာ"

"ခေတ် ကိုယ်အလုပ်သွားရမှာမို့အိမ်မှာမတည့်တာမစားနဲ့နော်"

"ဟုတ်"

ခေတ်ကိုအခန်းထဲလိုက်ပို့တော့မုဒြာရည်ကအောက်ထပ်မှာကျန်ခဲ့နေသည်။မုဒြာရည်တစ်ယောက် သူ့ကိုမမြင်ချင်ယောင်ဆောင်သွားသောလွန်းစေတန်မောင်ကြောင့် ဟိုကလေးကိုပိုလို့ပင်မျက်မုန်းကျိုးသွားရသည်။လွန်းစေတန်မောင်တစ်ယောက်အခန်းထဲရောက်မှခေတ်ကိုသေချာကြည့်မိသည်။ခေတ်တစ်ယောက်ဆူပုတ်နေလေရဲ့ ဘာဖြစ်မှန်းတော့မသိ။

"ခေတ် ဘာလို့ဆူပုတ်နေတာလဲ"

"ကိုကိုမှသားကိုမချစ်တာ"

Accidentally I met my future husbandWhere stories live. Discover now