part-5(U/Z)

229 9 0
                                    

*တီ တီ*

ကားဟွန်းတီးသံကြားတာနဲ့ခြံစောင့်ဦးသာလှက ခြံတံခါးကိုအပြေးအလွှားလာဖွင့်ပေးလေသည်။ခြံထဲရောက်လို့ကားရပ်ပြီးသည်နှင့်Jonကကားတံခါးကိုလာဖွင့်ပေးလေသည်။လွန်းစေတန်မောင်လည်းကာပေါ်ကဆင်း၍ခေတ်မင်းနေကြာကိုကားထဲမှဆင်းဖို့ခေါ်လိုက်သည်။ထိုအခါမှခေတ်မင်းနေကြာသည်ကားထဲကထွက်လာပြီးလွန်းစေတန်မောင်အိမ်ကိုကြည့်လိုက်သည်။ခေတ်မင်းနေကြာတစ်ယောက်အံ့သြသွားသည်မှာအမှန်ပင်။လွန်းစေတန်မောင်၏အိမ်မှာ သူ့အိမ်ထက်အတော်ပင်ကြီးလွန်းသည်။ထို့နောက်လွန်းစေတန်မောင်သည်ခေတ်မင်းနေကြာကိုအိမ်ထဲသို့ခေါ်လာ၍ဧည့်ခန်းတွင်ထိုင်စေပြီးစကားစပြောသည်။

"နောက်ဆို ကိုယ်ကမင်းရဲ့အုပ်ထိန်းသူဘဲ အဲ့တော့စကားနားထောင်ရမယ်ကြားလား"

"ကျုပ်ကခများကိုဘယ်လိုခေါ်ရမှာလည်း"

"ကိုယ်ကမင်းထက်အသက်ပိုကြီးတယ်ဆိုတော့ကိုကိုလို့ဘဲခေါ်ကိုယ်ကလို့ဘဲခေါ်မယ် ကြားလား"

"ဟုတ်"

"အပေါ်ထပ်မှာအခန်းပြင်ပေးထားတယ် Jonနဲ့လိုက်သွား ကိုယ်အလုပ်ကိစ္စနဲ့အပြင်သွားအုံးမယ်"

"......."

"ခေတ်မင်းနေကြာနေရမယ့်အခန်းကဒီအခန်းပါ"

"ဟုတ်ကဲ့"

"ကိစ္စမရှိတော့ရင်အကို့ကိုခွင့်ပြုပါဦး"

"အင်း"

လွန်းစေတန်မောင်အပြင်သို့ထွက်သွားပြီးမှJonသည်ခေတ်မင်းနေကြာကိုသူနေမည့်အခန်းသို့ခေါ်သွားခဲ့သည်။Jonသည်ခေတ်မင်းနေကြာကိုပို့ပြီးသည်နှင့်bossနောက်သို့လိုက်သွားသည်။ခေတ်မင်းနေကြာသည်အဝတ်အစားများကိုဗီရိုထဲသို့စီစီရီရီထည့်ပြီးသည်နှင့်အိပ်ရာပေါ်လှဲချပြီးဖုန်းကိုင်လိုက်သည်။ထို့နောက် မှိုင်းလေညှင်းနှင့်ရှိန်းစေသော်စီသို့ဖုန်းဆက်လိုက်သည်။

*Hello လေညှင်းလား*

*အေးခေတ်မင်း နင့်အသံကဘာဖြစ်နေတာတုန်း*

*ငါဒယ်ဒီနဲ့အတူမနေရတော့ဘူးဟ့*

*ဟမ် ဘယ်လိုဖြစ်လို့တုန်း*

Accidentally I met my future husbandWhere stories live. Discover now