Part-2(U/Z)

337 12 0
                                    

*hello အန်ကယ်*

*အေးသမီး လေညှင်း ဘာကိစ္စရှိလို့လဲ*

*အန်ကယ် ခေတ်မင်းအိမ်မှာရှိလား သူ့ကိုဖုန်းဆက်တာမကိုင်လို့*

*သားလား ရှိတယ် အန်ကယ်ဘာပြောပေးရမလဲ*

*ဟိုလေ စာမေးပွဲပြီး ရင်လျှောက်လည်မယ်ပြောထားတာ အဲ့တာလာခေါ်မို့ အန်ကယ်*

*အေးအေး သမီး အန်ကယ်ပြောပေးထားမယ်*

*ဟုတ် အဲ့တာဆိုဒါဘဲနော်အန်ကယ်*

*အေးအေး*

ဖုန်းချသွားပြီးနောက် ဦးမျိုးအောင်သည် သူ့သားအခန်းသို့သွားလိုက်သည်။ဒီနေ့ဆိုလျှင် ခေတ်မင်းနေကြာတို့ နောက်ဆုံးစာမေးပွဲပြီးသွားတာတစ်ပတ်ပြည့်ပြီဖြစ်သည်။ထို့ကြောင့်မှိုင်းလေညှင်းက လျှောက်လည်ဖို့အတွက် ဖုန်းဆက်ရခြင်းဖြစ်သည်။ဦးမျိုးအောင်သည်ခေတ်မင်းနေကြာအခန်းရှေ့သို့ရောက်သည်နှင့် တံခါးခေါက်လိုက်သည်။

*ဒေါက် ဒေါက် *

"သားဒယ်ဒီဝင်လာမယ်နော်"

ဦးမျိုးအောင်ပြောပြီးသည်နှင့်အခန်းထဲသို့ဝင်သွားသည်။အခန်းတွင်း၌ကုတင်ပေါ်တွင်စောင်ကိုခေါင်းထိခြုံထားသော ခေတ်မင်းနေကြာကိုတွေ့လိုက်ရသည်။

"သား ခေတ်မင်း နိုးပြီလား"

"ဟုတ် ဒယ်ဒီ ဘာပြောမလို့လဲ"

"သားသူငယ်ချင်း လေညှင်းဖုန်းဆက်တယ်သားကိုဖုန်းဆက်တာမရလို့တဲ့"

"သားအိပ်ပျော်သွားတာ ဖုန်းသံမကြားလို့ဒယ်ဒီ လေညှင်းမ ဘာပြောတာလဲ"

"ဒီနေ့လျှောက်လည်မလို့ သားကိုလာခေါ်မယ်ပြင်ထားတဲ့"

"အာ.. ဟုတ်သားဘဲ သားမေ့နေတာဒယ်ဒီသားရေချိုးလိုက်အုံးမယ်"

"အေးအေး ရေးချိုးပြီးရင်အောက်ဆင်းခဲ့ ဒေါ်ရီမြကို မနက်စာပြင်ခိုင်းထားတယ် စားသွား"

"ဟုတ် ဒယ်ဒီ"

ဦးမျိုးအောင်သည် ပြောပြီးသည်နှင့်အောက်ထပ်သို့ဆင်းသွားသည်။ ခေတ်မင်းနေကြာ၏မိခင်သည် ခေတ်မင်းနေကြာအသက်၄နှစ်မှာတွင်ကင်ဆာရောဂါနှင့်ဆုံးသွားပြီဖြစ်၍ ယခုတွင်တော့ခေတ်မင်းနေကြာတို့သားဖနှစ်ယောက်သာရှိပြီး အိမ်အကူ ဒေါ်ရီမြနှင့်ခြံစောင့် ဖိုးထူးတို့သာရှိသည်။
ခေတ်မင်းနေကြာတို့အိမ်သည် နှစ်ထပ်တိုက်ဖြစ်၍ခြံအဝန်းမှာအတော်ကျယ်သည်။ထိုအချိန်တွင် အိမ်အတွင်းသို့ မှိုင်းလေညှင်းတစ်ယောက် ရောက်လာသည်။

Accidentally I met my future husbandWhere stories live. Discover now