part-10(U/Z)

181 8 0
                                    

"ကိုကို မရောက်သေးဘူးလား"

"အင်း"

"လိုသေးလား"

"သိပ်မလိုတော့ဘူး၁နာရီလောက်ဘဲ"

"ဟုတ်"

ခေတ်မင်းနေကြာတစ်ယောက်အိပ်နေရာမှနိုးလာသည်ဖြစ်သောကြောင့်မေးလိုက်ခြင်းဖြစ်သည်။စထွက်လာတုန်းကတော့ တက်ကြွတဲ့ကြက်ဖလေးဖြစ်နေပြီး ရောက်ခါနီးကျမှ အတော်ပျင်းနေပုံရသည်။မုန့်ထုတ်တွေလည်းအနည်းငယ်သာကျန်တော့သည်။မုန့်နှစ်ထုတ်နဲ့အအေးတစ်ဘူးတော့လာပေးပါတယ်"ကိုကို သောက်ဖို့"တဲ့လေ။သိတတ်တာလေးတော့မဆိုးပါဘူး မုန့်အထုတ်ကြီးသုံးထုတ်ဝယ်လာပြီးမုန့်လေးနှစ်ထုတ်နဲ့အအေးတစ်ဘူးကျမှကိုကိုသောက်ဖို့တဲ့ ကျွေးတာကိုဘဲကျေးဇူးတင်ရမယ်။တစ်ကယ့်မုန့်သရဲလေးအခုလဲဘာလုပ်နေပြန်ပြီလဲမသိဘူး။တစ်ခုခုမေးချင်နေပုံ ကိုယ်ကဘဲစမေးရတော့မယ်။

"ခေတ် မေးစရာရှိလား"

"ဟုတ် မေးရင်ကောင်းမလား မမေးရင်ကောင်းမလားစဥ်းစားနေတာ"

"မေးလေ ရတယ်ကိုယ်ဖြေမယ်"

"ဟိုတစ်ခါ အိမ်လာတဲ့အမကလေအဲ့တာကိုကိုနဲ့ဘာတွေလဲဟင်"

"အာ မုဒြာရည်လားသူနဲ့ကလုပ်ဖော်ကိုင်ဖက်ပါဘဲ"

"ဟုတ် ဒါနဲ့အဲ့အမကိုမြင်ဖူးသလိုဘဲသူကဘာလုပ်တာလဲဟင်"

"သူက မော်ဒယ်လုပ်တာ ခေတ်မသိဘူးလား"

"သားမှTvမကြည့်တာ"

"အင်း အိပ်လိုက်အုံးရောက်ခါနီးမှကိုယ်နှိုးမယ်"

"ဟုတ်"

ခေတ်တစ်ယောက်စိတ်ထဲတွင်အနည်းငယ်တော့နေသာထိုင်သာရှိသွားသည်။သူထင်တဲ့အဖြေမဟုတ်မှ စိတ်ချစွာပြန်အိပ်လိုက်သည်။လွန်းလည်းခေတ်ဘာလို့ရုတ်တရက်မေးလဲဟုတွေးမိသွားသော်လည်းဒီတိုင်းသိချင်လို့မေးတာဟုမှတ်၍ကားသာဂရုစိုက်မောင်းနေလိုက်သည်။ခေတ်ကတော့ ပြန်အိပ်ပျော်သွားသည်။အိပ်ပုတ်ကလေးကဘယ်အခြေအနေမဆိုအိပ်နိုင်သည်။တစ်နာရီလောက်ဆက်မောင်းလာပြီးနောက် လယ်ကွင်းပြင်တွေနှင့်အတူ *လက်ပံကုန်း*ရွာသို့ဆိုသည့်ဆိုင်းဘုတ်လေးကိုမြင်နေရသည်။လွန်းစေတန်မောင်လည်းခေတ်ကိုနှိုးလိုက်သည်။

Accidentally I met my future husbandWhere stories live. Discover now