"ခေတ်မင်းနေကြာ! နင်အသက်ကိုဖတ်နဲ့ထုတ် ထား"
"ကိုကိုကယ်ပါအုံး"
တံခါးဖွင့်သံနဲ့အတူဒေါသတစ်ကြီးဝင်လာသောမှိုင်းလေညှင်းကြောင့်ခေတ်လွန်းစေတန်မောင်ပေါ်ကိုဘဲခုန်တက်လိုက်သည်။ဘေးတွင်ကြည့်နေကြသော အတွဲနှစ်တွဲမှာတော့ပြုံးလျှက်။မှိုင်းလေညှင်းတစ်ယောက်ခေတ်မင်းနေကြာနားသွားပြီး လက်ညှိုးထိုးပြီးပြောပါတော့တယ်။
"အခုမှအားကိုးမရှာနဲ့ ခေတ်မင်းနေကြာ နင်လုပ်တာကိုနင်သိရဲ့လား ဟမ် ငါ့မှာစိတ်ပူသွားတာကိုသိရဲ့လား နောက်တစ်ခါအဲ့လိုလုပ်ရင်နေသေဖို့သာပြင်"
"ဖြည်းဖြည်းပြောပါ မမလေညှင်းရယ် ငါပြန်မေ့လဲသွားလိမ့်မယ်နင်ပြောတာ"
"မေ့လဲသွားလည်း သေလိုက်နင့်ကြောင့်ငါဘယ်လောက်စိတ်ပူလိုက်ရလည်းသိရဲ့လား ကိုကြီးလွန်းစေတန်မောင်ပေါ်နေ မနေနဲ့ကုတင်ပေါ်လာ"
လွန်းစေတန်မောင်ပေါ်မှာ ခေါင်းလေးလှည့်ပြီးပြန်ပြောနေသည့်ခေတ်ကို လေညှင်းပြန်သတိပေးရသည်။သူငယ်ချင်းတွေစကားပြောနေလိုက်တာဘယ်လောက်ကြာသွားမှန်းမသိ အခန်းတံခါးရှေ့ခန်းပွင့်လာမှသိတယ်။အခန်းတံခါးပွင့်ပွင့်ခြင်းမြင်လိုက်ရသည့်သူကအမျိုးသမီးတစ်ယောက်။ဂါဝန်အကျပ်ဒူးကျော်လောက်ကိုဝတ်ထားသည့်အမျိုးသမီး။ထိုအမျိုးသမီးဟာဘယ်သူဆိုတာကိုအခန်းထဲရှိလူတိုင်းသိသည်။မုဒြာရည်တစ်ယောက်အခန်းထဲကိုတည်တည်ငြိမ်ငြိမ်ဝင်လာပြီးလွန်းစေတန်မောင်ဘေးသွားထိုင်လိုက်သည်။ထို့နောက်လွန်းစေတန်မောင်၏လက်မောင်းကိုကိုင်လိုက်ပြီးချွဲပြစ်နေသည့်အသံနှင့်စကားပြောပါတော့သည်။
"မောင် ဟိုကလေးမေ့လဲတယ်ဆိုလို့ဘာဖြစ်တာလဲဟင်"
"အအေးပတ်ပြီးမေ့လဲတာမင်းဘာလာလုပ်တာလဲ"
"မောင်ကလည်းဆေးရုံလာပါတယ်ဆို သူ့ကိုသီတင်းမေးဖို့နဲ့မောင့်ဆီလာတာလေ"
"...."
မုဒြာရည်၏အသံကြောင့်လေညှင်းတစ်ယောက်အန်ထွက်တော့မည့်ပုံစံလုပ်ပြတာကြောင့်ရှိန်းစေသော်လက်မောင်းကိုရိုက်လိုက်ရသည်။သူတို့နှစ်ကိုကြည့်နေသည့်သုခန့်စိုးတို့အတွဲနှင့်ရှိုင်းသန့်စင်မှာကြိတ်ရယ်ရသေးသည်။တစ်ကယ်လည်းအန်ချင်စရာအသံပင်။ခေတ်တစ်ယောက်သူတို့နှစ်ယောက်ကိုကြည့်နေရင်းမျက်ရည်များဝဲလာရပြန်သည်။ဘာဘဲဖြစ်ဖြစ်ကိုကိုတို့ကစေ့စပ်ရမယ့်သူဘဲမလားသူ့ကိုချစ်တယ်ဆိုရင်တောင်ခဏတာဘဲအတူနေလို့ရမှာလေ အချိန်တန်ရင်စေ့စပ်ရမှာဘဲဟာ။ခေတ်တစ်ယောက်မည်သူ့ကိုမှအပြစ်မမြင်ပါ ချစ်မိသွားသည့်ကိုယ်ကိုကိုယ်သာအပြစ်မြင်မိသည်။
KAMU SEDANG MEMBACA
Accidentally I met my future husband
Acak"မထင်မှတ်ဘဲတွေ့စုံတဲ့ဖူးစာဟာ ဘဝအဆုံးထိအတူရှိနေနိုင်ပါ့မလား"