part-17

87 5 0
                                    

"အင့်!"

ငြီးငြူသံနဲ့အတူခေတ်နိုးလာခဲ့သည်။မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့်အလင်းရောင်စူးစူးကြောင့်မျက်လုံးပြန်မှိတ်ထားမိသည်။အခုဘယ်မှာလဲ ဘယ်ကိုရောက်နေလည်းသူမသိတော့။ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်ပြီးဘေးဘီကိုဝေ့ကြည့်တော့မည်သူမှကိုမမြင်။ကုတင်ဘေးတွင်သူ့လက်ကိုကိုင်ပြီးအိပ်နေသည့်လွန်းစေတန်မောင်ကိုတော့မြင်လိုက်ရသည်။အဖြစ်အပျက်ကိုပြန်စဥ်းစားကြည့်ရင် နေ့လည်က စိတ်ညစ်ပြီးရေချိုးခန်းထဲမှာရေပန်းဖွင့်ပြီးထိုင်နေမိတာဘဲ နောက်ဖြစ်တာတွေတော့မမှတ်မိ။သူလက်ကိုဖြည်းဖြည်းချင်းစွဲထုတ်တော့ ကိုကိုကနိုးလာခဲ့သည်။

ထို့နောက်ခေတ်ကိုကြည့်ပြီး မျက်ခုံးများတွန့်ချိုးလိုက်သည်။ကိုကိုဒေါသထွက်နေမှာသေချာတာပေါ့။ကိုကိုကသူ့ကိုကြည့်ပြီးမေးခွန်းများစမေးလာသည်။

"ဘာလို့အဲ့လိုလုပ်ရတာလဲ ကိုယ့်ကိုဖြေရှင်းချက်ပေးသင့်တယ်မလားခေတ်"

ကိုကို့အမေးကြောင့်ခေတ်မျက်ရည်များကျလာမိပြန်သည်။အမှန်တိုင်းလည်းမပြောရဲ။လိမ်ရင်ပိုဆိုးမယ်ဆိုတာသိလို့အမှန်တိုင်စပင်ကြိတ်မှိတ်ပြီးပြောလိုက်သည်။

"ကျွန်တော်ကိုကို့ ကိုချစ်လို့လေ အင့်
ကိုကို့မှ စေ့စပ်ထားတဲ့သူရှိနေတာကျွန်တော်ခံစားနေရတာကိုကိုသိလို့လားဟမ် အဲ့လိုခံစားနေရတာထက် ထာဝရအိပ်ပျော်သွားတာကမှကောင်းသေးတယ် အင့်!"

"......"

လွန်းစေတန်မောင်ပြောစရာများပင်ပျောက်ရှသွားရတော့သည်။ကိုယ့်အတွက်နဲ့ခံစားနေရတဲ့ ဒီကောင်လေးကို ဘယ်လိုမှမနိုင်တော့ပါ။အခုလည်းပြောပြီးတာနဲ့ရှိုက်ကြီးတစ်ငင်ငိုနေလေသည်။လွန်းစေတန်မောင်လည်း ထိုစကားကြားရတော့ပျော်သွားရသည်မှာအမှန်ပင်။ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုချပြီး​ပြောလိုက်တော့သည်။

"မငိုနဲ့တော့ ခေတ်အခုချက်ချင်းတိတ်"

"တိတ်တော့ ကိုကိုကပြန်ချစ်မှာမလို့လား ကျွန်တော့်ပါသာငိုချင်ငိုမှာပေါ့ ကိုကို့မိန်းမအနားဘဲသွားနေပါ အီးဟီး"

Accidentally I met my future husbandWhere stories live. Discover now