part-12(U/Z)

178 6 0
                                    

"ကိုကို မြန်မြန်လာ!"

အရှေ့ဆုံးမှပြေး၍အနောက်ကိုလှည့်ပြီးအော်ခေါ်သောခေတ်ပါပင်။လွန်းစေတန်မောင်နှင့်ဖိုးတိုးလည်းအမြန်သွားရသည်။တဲကိုရောက်တော့ခေတ်က သူ့အဒေါ်နဲ့အမကိုအော်ခေါ်သည်။မျက်နှာပြောင်တဲ့ခေတ်တစ်ယောက်အခုလည်း ခေါ်တာတောင်ရိုးရိုးမခေါ်ဘဲစနေလေရဲ့။

"တဲရှင်တို့ ဧည့်သည်လာတာတောင်ထွက်မကြိုကြဘူးလား"

"အမလေး ငါ့တူလေးလာမှမသိလိုက်လို့ပါတော်"

ခေတ်အသံကြားတော့ မီးဖိုဆောင်ထဲတွင်ထမင်းအိုးသည်နေသောဒေါ်လှရီမြင့်ကထွက်လာ၍ဝမ်းသာတကြီးပြောလေသည်။တစ်မျိုးလုံး၏အငယ်ဆုံးလေးဖြစ်သောကြောင့်အချစ်ခံဖြစ်သလိုအလိုလိုက်ခံရဆုံးဖြစ်သည်။ဒေါ်လှရီမြင့်လဲလွန်းစေတန်မောင်ကိုမြင်မှ စကားလှမ်းပြောလေသည်။

"ဒီကလူလေးက ခေတ်ကိုစောင့်ရှောင့်ပေးနေတယ်ဆိုတဲ့မောင်လွန်းစေတန်မောင်ဆိုတာလားကွယ်"(ဒေါ်လှရီမြင့်)

"ဟုတ်ပါတယ်"

"အဒေါ့်တူကိုအပ်ပါတယ်ကွယ် အဆိုးအတေလေးဆိုတော့ သည်းခံပေးပါလို့အဒေါ်ကဘဲတောင်းဆိုပါရစေကွယ်"(ဒေါ်လှရီမြင့်)

"အဲ့ဒီအတွက်စိတ်မပူပါနဲ့ ခေတ်ကကျွန်တော့်စကားနားထောင်ပါတယ်"

ဒေါ်လှရီမြင့်နဲ့လွန်းစေတန်မောင်စကားပြောနေတုန်း ဖိုးတိုးကတဲနဲ့ဆက်ထားသောဖျင်လေးပေါ်မှာ လှဲအိပ်လိုက်သည်။ခေတ်ကတော့ဒေါ်လှရီမြင့်ကိုကြည့်၍စကားဖြတ်ပြောလိုက်တယ်။

"ဒေါ်လေး မမသွန်းဆက်ရော ဘယ်မှာလဲသားလာတာတောင် ထွက်မလာဘူးဆိုတော့သားကိုအရေးမလုပ်တာလားပြော!"

"ရှင်လေး အနောက်ဘက်ကန်ထဲမှာကန်စွန်းရွက်ခူးနေပါတယ်တော်"

နှုတ်ခမ်းလေးဆူပြီးရန်တွေ့နေသောခေတ်ဟာလွန်းစေတန်မောင်မျက်လုံးထဲကို ဘဲနှုတ်သီးလိုပင်။အလွန်အသည်းယားစရာ​ကောင်းသည်။ညညတိုင်းတွင်လည်းဟိုနေ့ကခေတ်ပြောခဲ့သည့်စကားကနားထဲတွင်တဝဲလည်လည်။ကြာလေသဲယောဇဥ်ပိုတွယ်မိလေဖြစ်နေပါရော့လားခေတ်ရယ်။ကိုယ့်လို့Mafiaခေါင်းဆောင်တစ်ယောက်ဘဝနှစ်ခုနဲ့နေတဲ့လူက ဒီကလေးကိုတစ်သက်လုံးစောင့်ရှောက်နိုင်ပါ့မလား။လွန်းစေတန်မောင်အတွေးတွေလွန်ပြီးသတိပြန်ဝင်လာချိန်တွင် ခေတ်ကသူ့အရှေ့တွင်မရှိတော့ပါ။ခေတ်အဒေါ်က ဖျင်ပေါ်တွင် သူ့ကိုထိုင်စေပြီး လက်ဘက်သုတ်နှင့်ရေနွေးကြမ်းဖြင့်ဧည့်ခံသည်။ဖိုးတိုးကလည်းထ၍ ငါးမျှားအုံးမယ်ဟုဆိုကာတီပေါက်ဖို့ပေါက်တူးသွားရှာရန် နွားတင်းကုပ်ထဲသို့ဝင်သွားသည်။ခေတ်တစ်ယောက်ခဏအကြာသူ့အမဝမ်းကွဲသွန်းဆက်နဲ့ပြန်လာသည်။သွန်းဆက်၏နာမည်အရင်းမှာသွန်းဆက်ဝတီသာဖြစ်သည်။တစ်နေကုန်တဲမှာနေ၍ခေတ်တစ်ယောက်ဖိုးတိုးနှင့်လွန်းစေတန်မောင်ကိုခေါ်၍ငါးမျှားလိုက် သွန်းဆက်ဝတီကိုခေါ်၍ ကန်ပေါင်ပေါ်ကဇီးပင်မှဇီးသီးခူးစားလိုက် ဒေါ်လှရီတို့မွေးထားသောကြက်များကိုလိုက်ဖမ်းလိုက်နှင့်အငြိမ်နေသည်မရှိဘဲ လျှောက်ဆော့နေသည်။ညနေစောင်းမှသာရွာထဲသို့ပြန်ကြသည်။

Accidentally I met my future husbandWhere stories live. Discover now