part-7(U/Z)

185 6 0
                                    

"ဟဲ့နင်တို့ကိုငါပြောစရာရှိတယ်"

"မင်းကနေ့တိုင်းပြောစရာရှိနေတာဘဲ"

"အေးလေ ရှိန်းပြောတာမှန်တယ်"

"အတည်ပြောမှာ"

"ပြောဟာပြော"

"ငါလေနောက်လကျ ကိုကိုနဲ့အင်္ဂလန်လိုက်သွားမှာ"

"ခေတ်မင်း အဲ့တာဆိုUniကရော"

"ကိုကို​က Uniကိုပြောပေးမယ်တဲ့"

"အားကျပါတယ်ဟယ်"

ခေတ်မင်းနေကြာတစ်ယောက်Uniရောက်ထဲက ရှိန်းနဲ့လေညှင်းကို ပြောစရာရှိတယ်ဟုဆို၍​နေ့ခင်းအတန်းဆင်းချိန်တွင်ကျောင်းဝန်းအတွင်းရှိ ဒေါ်ရွှေထမင်းဆိုင်သို့ခေါ်လာ၍အင်္ဂလန်သွားမည့်ကိစ္စကိုပြောပြနေလေသည်။ခေတ်မင်းနေကြာ၏စကားကိုရှိန်းနဲ့လေညှင်းအံ့သြသွားသည်မှာတော့အမှန်ပင်။ခဏအကြာ ခေတ်မင်းနေကြာတို့ရှိသည့်ထမင်းဆိုင်သို့ လူတစ်ယောက်ဝင်လာသည်။ထိုလူသည်သူတို့ရှိသည့် ဝိုင်းသို့ တန်းတန်းမတ်လျှောက်လာသည်။ထို့နောက်ခေတ်မင်းနေကြာရှေ့တွင်မတ်တပ်ရပ်၍ ခေတ်မင်းနေကြာအားစကားပြောလေသည်။

"ကိုယ်ထိုင်လို့ရမလား"

"ထိုင်ချင်ထိုင်မထိုင်ချင်နေ"

"စိမ်းကားလှချီလား နေကြာလေးရာ"

"ခဗျား မဟုတ်တာတွေပြောမယ်ဆိုလာရာလမ်းအတိုင်းပြန်"

"ကိုယ့်ကို စကားအကောင်းပြောပေးလို့ရနိုင်မလား"

"........"

ထိုအဖြစ်အပျက်ကိုနားမလည်စွာကြည့်နေသူမှာ ရှိန်းနှင့်လေညှင်းသာဖြစ်သည်။ခေတ်မင်းနေကြာပုံကိုကြည့်ရသည်မှာ မျက်နှာဟာပုံမှန်ထက်ပိုတင်းမာနေလေသည်။ထို့နောက်ခေတ်မင်းနေကြာသည် ရှိန်းစေသော်နှင့်မှိုင်းလေညှင်းဘက်သို့လှည့်၍စကားပြောလေသည်။

"ရှိန်း လေညှင်း ငါပြန်တော့မယ်ငါညနေအတန်းမတက်တော့ဘူး မနက်ကျမှငါ့အိမ်မှာဆုံကြမယ်"

"အေးအေး"

"အေးမနက်ကျ သေချာပေါက်လာခဲ့မယ် ဟုတ်တယ်မလားရှိန်း"

Accidentally I met my future husbandWhere stories live. Discover now