part-9(U/Z)

173 8 0
                                    

(ဒီထဲမှာပါတဲ့ရွာလေးကအပြင်မှာတစ်ကယ်မရှိပါ သာသာ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အကြောင်းရာများတူနေလျှင်တိုက်ဆိုင်မှုသာဖြစ်သည်။)

မနက်ခင်းတစ်ဖက်၌ငှက်များ၏တေးကျူးသံများနှင့်အတူခေတ်မင်းနေကြာအိပ်ရာမှရီဝေစွာနိုးလာခဲ့သည်။နိုးလာခြင်းဘေးပတ်ဝန်းကျင်ကိုကြည့်တော့ အရာအားလုံးဟာဝိုးတိုးဝါးတားပုံစံနှင့်လည်ပတ်နေသည်ကိုတွေ့လိုက်ရသည်။ညကကိုကိုပွေ့ချီသွားသည်ထိသာမှတ်မိသည်ထို့နောက်ဘာဖြစ်သွားလဲဆိုတာကိုပင်မမှတ်မိတော့ပါ။ခေတ်မင်းနေကြာတစ်ယောက်ကုတင်ပေါ်မှာဆင်းလိုက်သည်။သို့သော်မတ်တပ်ရပ်လိုက်ချိန်မှာပင် ခေါင်းတွေမူးလာ၍ဖင်ထိုင်ရက်ပြုတ်ကျသွားသည်။ခေတ်မင်းနေကြာတစ်ယောက်တွေးလိုက်သည်က*ငါမျက်လုံးများကန်းတော့မှာလား မကန်းချင်သေးဘူးကိုကိုနဲ့အတူအင်္ဂလန်လိုက်သွားရအုံးမှာ*ဟုတွေး၍ထိုင်ငိုနေသည်။

"အီး...ဟီး..ကိုကိုရေ သားမျက်လုံးကန်းပြီလားမသိဘူး ဗြဲ..."

"ခေတ် ဘာဖြစ်တာလဲ"

ခေတ်မင်းနေကြာတစ်ယောက်အသံပြဲကြီးနှင့်ထငိုသောကြောင့်လွန်းစေတန်မောင်အမြန်အခန်းထဲရောက်လာသည်။ရေချိုးပြီး၍အောက်ထပ်ဆင်းရန်ပြင်နေတုန်းခေတ်၏ငိုသံကြားသောကြောင့်ဘာဖြစ်တာလဲဟုစိုးရိမ်၍အမြန်ရောက်လာခြင်းဖြစ်သည်။ခေတ်အခန်းထဲရောက်တော့ကြမ်းပြင်ပေါ်တွင်ထိုင်၍ငိုနေသောခေတ်ကိုတွေ့လိုက်ရသည်။လွန်းစေတန်မောင်သည်ခေတ်အနားသွား၍မေးလိုက်သည်။

"ခေတ် ဘာလို့ငိုနေတာလဲ"

"ကိုကို အီး..ဟီး.. သားမျက်လုံးကန်းပြီလားမသိဘူး"

"ဘာလို့တုန်းခေတ်ရဲ့"

"သားမျက်လုံးတွေမူးပြီးလည်နေတယ်သေချာလဲမမြင်ရဘူး ဝါးနေတယ် သားမကန်းချင်သေးဘူး သားအင်္ဂလန်လိုက်ချင်သေးတယ် အီး..ဟီး.. သားလမ်စလဲလျှောက်လို့မရဘူး ဗြဲ..."

ခေတ်အပြောကြောင့်လွန်းစေတန်မောင်မှာရွရခက်ငိုရခက်ပါပင်။ကိုယ့်မှာတော့ငိုသံကြားကြားခြင်းအပြေးလာရတာ သူကတော့အရက်နာကျနေသတဲ့လေ။မနိုင်စိန်လေးမသောက်နဲ့ဆိုတော့ပုလင်းလိုက်မော့ပြီး အခုတော့အော်ငိုနေလေရဲ့။ဒီပုံစံကလည်းတစ်မျိုးတော့ချစ်စရာကောင်းသား တစ်ကယ်အသည်းယားစရာလေး။အရက်သမားလေးကိုတိုက်ဖို့ အိမ်အကူတစ်ယောက်ကိုဂျင်းပြုတ် ပြုတ်ခိုင်းရပေအုံးမည်။

Accidentally I met my future husbandWhere stories live. Discover now